Home
မြန်မာသတင်း
မြန်မာဘက်ခြမ်း တရုတ်မြောင်းတူးမှု ကန့်ကွက်ထားပေမယ့် ပြန်ရှင်းလင်းခြင်းမရှိဟုဆို
DVB
·
October 19, 2019
Chinese Drug land from myanmar
တရုတ်က မြန်မာဘက်ခြမ်းမှာလာပြီး မြောင်းတူးထားတာကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကန့်ကွက်ထားပေမယ့် ပြန်ပြီး ဘာမှရှင်းလင်းတာ၊ မြေပြန်ဖို့တာ မလုပ်သေးဘူးလို့ အစိုးရ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နောင်ခမ်းရွာနားက မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် BP-၅၇ နဲ့ BP-၅၈ ကြား၊ နောင်တောင်း မြို့အဝင်လမ်းဘေးမှာ အောက်တိုဘာ ၉ ရက်က အရပ်ဝတ်နဲ့ တရုတ်နိုင်ငံသား ၄ ယောက် မြေတူးစက်တစီးနဲ့လာပြီး မြောင်းတူးခဲ့တာပါ။ အဲဒီမြောင်းဟာ အကျယ် ၁၀ ပေ၊ အနက် ၈ ပေ၊ အရှည် ပေ ၁၀၀ ရှိပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပေ ၆၀ လောက် ဝင်ရောက်နေတယ်လို့လည်း ဆိုပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနဲ့ကပ်ပြီး အခုလို မြေသားမြောင်းတူးဖော်ဖို့ နှစ်နိုင်ငံ ကြိုတင်ညှိနှိုင်းတာမရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းကို ဝင်ရောက်နေတာကြောင့် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီပြည်ပရေးရာဌာနကို အောက်တိုဘာ ၁၀ ရက်က နမ့်ခမ်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ အဲဒီ ကန့်ကွက်စာပေးပို့ထားတာ တပတ်ကျော်လောက် ကြာနေပြီဖြစ်ပေမယ့် တဖက်နိုင်ငံက လာရောက်မြေဖို့ ရှင်းလင်းတာ မရှိသေးဘူးလို့ နမ့်ခမ်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆီကနေ သိရကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024