Home
မြန်မာသတင်း
ဘူးသီးတောင် စစ်ဘေးရှောင်စခန်းမှ ကလေးငယ်များအတွက် ဖျော်ဖြေပွဲပြုလုပ်
DVB
·
October 14, 2019
sing for war victims BuTheeTaung 3
sing for war victims BuTheeTaung 2
sing for war victims BuTheeTaung 1
တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့၊ လမ်းမ‌တော်ဘုန်းတော်ကြီး ကျောင်း စစ်ဘေးရှောင်စခန်းမှာ ခိုလှုံရောက်ရှိနေကြတဲ့ ကလေးငယ်တွေအတွက် သီတင်းကျွတ်ကာလ စိတ်ပိုင်းဆိုင်ရာ ဖျော်ဖြေပွဲတခုကို ဒီနေ့ ကျင်းပခဲ့ပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည် ကလေးတွေကို သီတင်းကျွတ်ကာလ‌ စိတ်ပိုင်းဆိုင်ရာဖျော်ဖြေပွဲအား မောင်တော်ကရုဏာကွန်ရက်အဖွဲ့ကဦးဆောင်ပြီး နံ့သာတောင် ပညာဒါန ပရဟိတကျောင်း ဆရာတော်၊ မောင်တောမြို့က အနုပညာရှင် အဆိုတော်တွေ၊ အလှူရှင်စေတနာရှင်တွေ ပူးပေါင်း ကျင်းပခဲ့တာပါ။ နံ့သာတောင်ပညာဒါန ပရဟိတကျောင်း ဆရာတော် ဦးစရဏကမိက “စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ စိတ်ထဲမှာ အကြောက်တရားတွေ ကြီးစိုးနေပါတယ်။ အခုလို သီတင်းကျွတ်ပွဲမှာ သူတို့လေးတွေဟာ ပျော်ရွှင်စရာ ရှာမရနိုင်တဲ့ အ‌ခြေအနေပါ။ ဒီလို ကျဆင်းနေတဲ့ ကလေးတွေရဲ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများကို မိမိတို့တတ်နိုင်တဲ့ဘက်မှ မြှင့်တင်ပေးတဲ့အနေနဲ့ ဂီတပညာရှင်လူငယ်တွေကို ဖိတ်ခေါ်ပြီး အခုလို ဗလာမပါ ကံစမ်းမဲ ဖောက်ပေးတာအပြင် ဂီတဖျော်ဖြေမှုကိုပါ ပြုလုပ်ဖြစ်ခဲ့ပါတယ်” လို့ မိန့်ကြားပါတယ်။ ဘူးသီးတောင်မြို့၊ လမ်းမ‌တော် ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ ဥယျာဉ်သာ၊ စံဂိုးထောင်၊ စည်တောင်၊ သရက်ပြင်၊ ပြင်ချောင်း၊ ဇီးရွာ၊ မြို့မချောင်း၊ နွားရုံတောင်၊ ကျောက်ရန်၊ ကြာညိုပြင်၊ ကွမ်းတောင်၊ စပါးထား၊ သျှစ်သျှားတောင် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင် အိမ်ထောင်စု ၁၇၃ စု လူဦး ၇၁၃ ဦး နေထိုင်နေကြပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024