Home
မြန်မာသတင်း
ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သစ်ပင်ကျိုးကျ၍ မော်တော်ယာဉ်အချို့ ပျက်စီး
DVB
·
October 14, 2019
Heavy rain broken tree branches at San Chaung 4
Heavy rain broken tree branches at San Chaung 2
Heavy rain broken tree branches at San Chaung 1
Heavy rain broken tree branches at San Chaung 01
ရန်ကုန်မြို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့နယ်တချို့မှာ ရေကြီးခဲ့သလို သစ်ပင်တွေ ကျိုးကျမှုကြောင့် မော်တော်ယာဉ်တချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။ အခုရက်ပိုင်းတွေအတွင်းမှာ ရန်ကုန်မြို့ အပါအဝင် အခြား ပြည်နယ်တိုင်းတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာတွေ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းရဲ့ မြို့နယ်တချို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။  လက်ရှိ မိုးလေဝသအခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်မှာ  မုန်တိုင်းဖြစ်ဖို့ အလားအလာ မရှိသေးပေမယ့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး အခြားပြည်နယ်နဲ့တိုင်းအချို့မှာလည်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024