ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပေါ် ရေကျော်၊ ခရီးသည်များကို မီးသတ်တပ်ဖွဲ့ ကူညီ
DVB
·
October 6, 2019
မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ မိုးသည်းသည်းထန်ထန် ရွာပြီး ညောင်ဦး-ကျောက်ပန်းတောင်း လမ်းပေါ် ရေကျော်နေတာကြောင့် ခရီးသွားတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီပေးနေပါတယ်။
ကံမကန် ရေပိုလွှဲက ရေတွေဟာ ကားလမ်းမပေါ်ကျော်နေတာဖြစ်ပြီး ခရီးသွားပြည်သူတွေ ဘေးအန္တရာယ်ကင်းကင်း သွားလာနိုင်ဖို့ တောင်ဇင်းနယ်မြေ မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ကူညီပေးနေတာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။