တွန်းဇန်မြို့နယ်တွင် ဆင်နှာမောင်းဖြင့် အရိုက်ခံရသဖြင့် ရွာသား ၁ ဦး သေဆုံး
DVB
·
October 5, 2019
ချင်းပြည်နယ် တွန်းဇန်မြို့နယ်မှာ ဆင်ထီး ၁ ကောင်က နှာမောင်းနဲ့ ရိုက်တာကြောင့် ရွာသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တွန်းဇန်မြို့နယ်၊ ဇိုလင်းကျေးရွာအနီး နေရဉ္ဇရာ သစ်တောကြိုးဝိုင်း ဆင်စားကျက်အတွင်း စော်ဘွားရေရှင် သစ်ထုတ်လုပ်ရေးစခန်းမှာ အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းက သစ်ဆွဲ ဆင်ထီး ၁ ကောင်က ရွာသား ၁ ဦးအား နှာမောင်းနဲ့ ရိုက်တာကြောင့် သေဆုံးသွားခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ခွမ်နွဲ့ရဲကင်းစခန်းမှူး ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးရာ ထန်ဗျက်ထန်ငါ (၂၂) နှစ်အား ရင်အုံ၊ ဒူး၊ ပေါင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိပြီး အလောင်းကို ခမ်းပတ် တိုက်နယ်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ထန်ဗျက်ထန်ငါ သေဆုံးမှုအား တွန်းဇန်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။