Home
ရုပ်သံ
ဘုရားဖူးကားပေါ် အင်္ဂလိပ်လို ရှင်းပြနေသည့် သနပ်ခါးနှင့် ကလေးငယ် (ရုပ်သံ)
DVB
·
October 4, 2019
guide
သွားလာလည်ပတ်စရာ နေရာတွေ များပြားလွန်းတဲ့ မြန်မာနိုင်ငံမှာ လက်ညှိုးထိုး မလွဲတဲ့ ဘုရားကျောင်းကန်စေတီပုထိုးတွေဟာလည်း မရေမတွက်နိုင်အောင် ရှိနေပါ တယ်။ ဘုရားဖူးသွားရတာ မခက်ခဲလှပေမယ့် ဘုရားသမိုင်းနောက်ခံ အကြောင်းအချက် အလက်တွေကို ထဲထဲဝင်ဝင်သိနိုင်ဖို့ကလည်း အတော့်ကို မလွယ်ကူတဲ့ ကိစ္စတခုပါပဲ။ ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာတော့ နိုင်ငံတကာ ကမ္ဘာ လှည့်ခရီးသွားတွေကိုရော ပြည်တွင်းခရီးသွားတွေကိုပါ ထိရောက်တဲ့ အခန်းကဏ္ဍက ပါ ဝင်ကူညီနေသူတွေကတော့ လိုင်စင်ရဧည့်လမ်းညွှန်တွေ၊ ဒေသခံဧည့်လမ်းညွှန်တွေ ဖြစ်နေပါတယ်။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်ဆိုတဲ့ ဆိုရိုးနဲ့ ထင်ရှားတဲ့ ပုဂံမှာတော့ ဘုရား တွေရဲ့ သမိုင်းကြောင်းကို ရေရေလည်လည် ရှင်းလင်းပြောပြနိုင်တဲ့ ကလေးငယ်တွေ ဟာလည်း တထောင့်တနေရာက ပါဝင်နေပါတယ်။ ခုရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘုရားဖူးကားပေါ် ခရီးသွားတွေကို မွန်မွန်ရည်ရည် ရှင်းပြနေတဲ့ သနပ်ခါးနဲ့ ဂိုက်ထ်ကလေးငယ်ကောင်လေးတယောက်ကို တွေ့ရမှာပါ။ ရိုးရှင်းတဲ့ ဒေသသံဝဲဝဲနဲ့ မကြီးတို့၊ အန်တီကြီးတို့၊ ဦးဦးတို့၊ ကိုကြီးတို့က အင်္ဂလိပ် လို ရှင်းပြီးသားကို နားမလည်ရင် မြန်မာလို ဘာသာပြန်ပြပေးမယ်လေဆိုပြီး အစချီပြော ကာ ဘုရားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဖြစ်တဲ့ ရွှေဆံတော်ဘုရားပြိုကျ ပျက်စီးမှုကအစ၊ မနူဟာဘုရင်ဟာ မြန်မာဘုရင်မဟုတ်ဘဲ မွန်ဘုရင်ဖြစ်တယ်ဆိုတာ တွေထိ အင်္ဂလိပ်လို၊ မြန်မာလို သွက်သွက်လက်လက် ရှင်းပြသွားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဖြိုးဝေထွန်းအမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အ ကောင့်ပိုင်ရှင်က ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။ “ကိုယ်ဒေ Amazing Power Travel & Tours ရဲ့ guide လေးတွေက အင်္ဂလိပ်လို ရှင်းတာ ပါဆို” ရှပ်အင်္ကျီအဖြူရောင်နဲ့ ပုဆိုးလေးကို တွဲဖက်ဝတ်ဆင်ထားပြီး လွယ်အိတ်လေးတ လုံးစလွယ်သိုင်းလွယ်ထားတဲ့ ကလေးငယ်ရဲ့ သွက်လက်ချက်ချာမှုအပေါ် မှတ်ချက်ပေး သူတွေက ချီးကျူးမှတ်ချက်တွေ ပေးနေကြပြီး သဘောကျနေကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024