ပြည်သူများ နိုင်ငံရေးစိတ်ဝင်စားမှု နည်းလာသဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုးရိမ်ရ
DVB
·
September 28, 2019
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူတွေဟာ နိုင်ငံရေး စိတ်ဝင်စားမှု လျော့နည်းလာတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာတွေ ဖြစ်လာတယ်လို့ ၂၀၂၀ နိုင်ငံသားများ နိုင်ငံရေးမျှော်မှန်းချက်စစ်တမ်းမှာ ဖော်ပြထားပါတယ်။
၂၀၂၀ နိုင်ငံသားများ နိုင်ငံရေးမျှော်မှန်းချက်စစ်တမ်း ရှင်းလင်းပွဲကို စက်တင်ဘာ ၂၇ ရက် တောင်ကြီးမြို့ ထိန်သာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးထွန်းက “လောလောဆယ် နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားမှု အခုလက်ရှိအချိန်မှာ ရှိတဲ့အနေအထားပေါ်မှာ ခန့်မှန်းပြီးတော့မှ ၂၀၂၀ အတွက် ဘာလုပ်မလဲပေါ့။ ဒီကိန်းဂဏန်းတွေဟာ သတိထားရမယ့် အနေအထားမှာ ရှိနေတယ်။ တချို့ကိန်းဂဏန်းတွေ ၂၀၂၀ မှာ တိုးတက်လာမှ နိုင်ငံရေးပါတီတွေ အားလုံးအတွက် အကျိုးရှိလိမ့်မယ်။ အဲဒီသဘောတရားကို ကျနော်တို့က ပြောချင်တာ။ ၂၀၂၀ မှာ ဒီကိန်းဂဏန်းအတိုင်း ရှိမယ်လို့ ပြောတာ မဟုတ်ဘူး။ လက်ရှိအနေအထားကတော့ ၂၀၁၉ မတ်လမှာ ဒီအနေအထား ရှိနေတယ်။ ၂၀၂၀ မှာ ဒီအနေအထားကို ပြောင်းဖို့ ကြိုးစားဖို့ လိုတာပေါ့။ ကိုယ် လိုချင်တဲ့ အနေအထားကို ရောက်ဖို့အတွက် ဘယ်လိုတွေ လုပ်မလဲဆိုတာ ကျနော်တို့က ပိုပြီးအဓိကထားချင်တာပါ” လို့ ပြောပါတယ်။
ပြည်သူတွေ နိုင်ငံရေး စိတ်ဝင်စားမှုနည်းပြီး ရွေးကောက်ပွဲ အလေးထားမှု နည်းလာခြင်းဟာ သတင်းအချက်အလက် ရရှိမှု အားနည်းတာနဲ့ ဘာသာစကား အခက်အခဲ ရှိတာကြောင့်လို့ နိုင်ငံရေးပါတီတွေက သုံးသပ်လိုက်ပါတယ်။
တောင်ကြီးမြို့နယ် SNLD ပါတီဥက္ကဋ္ဌ နန်းမြဦးက တနိုင်ငံလုံးမှာ မဲပေးတာ နည်းတာဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ချီတက်တာနဲ့ ရွေးကောက်ပွဲ လုပ်တဲ့နေရာမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။
“သူတို့ရဲ့စစ်တမ်းအရဆိုရင် ဒီအပေါ်မှာ သူတို့ ယုံကြည်မှုတွေ အားနည်းနေတယ်။ တပိုင်းက နားမလည်ဘူး။ နိုင်ငံသားတယောက် ရှိရမယ့် တာဝန်နဲ့ ဝတ္တရားကို မသိတာ၊ ရွေးကောက်ပွဲရဲ့ သမာသမတ်ရှိမှု၊ အသုံးဝင်မှု၊ ဘာကြောင့် ဒီရွေးကောက်ပွဲ အရေးကြီးတယ်ဆိုတာ ပြည်သူတိုင်းကို မက်ဆေ့ချ်မထည့်ပေးနိုင်ဘူးလို့ မြင်ပါတယ်။ သတင်းအချက်အလက်တွေကို လက်လှမ်းမမီတာ တပိုင်းပေါ့။ တိုင်းနဲ့ပြည်နယ် အသီးသီးမှာတောင်မှ ရှမ်းပြည်နယ်ဟာ ပယ်မဲများတယ်ဆိုတဲ့ လက္ခဏာဟာ မကောင်းပါဘူး။ သဘောကတော့ ပြည်သူတွေဟာ မဲပေးခြင်းရဲ့တန်ဖိုးကို မသိဘူး။ မဲကို ဘယ်လိုပေးရမလဲ ဆိုတာ မသိဘူး ဖြစ်နေတာပေါ့။ ဒါဟာ ပါတီအတွက်၊ ရွေးကောက်ပွဲအတွက် အင်မတန် အန္တရာယ်များပါတယ်။ စိန်ခေါ်မှုတရပ်လည်း ဖြစ်ပါတယ်။ Civic Education တွေ အများကြီး လုပ်ရမယ်။ သတင်းမီဒီယာရဲ့ ဖော်ပြမှုတွေလည်း အများကြီး လိုအပ်တယ်။ ဖော်ပြတဲ့နေရာမှာ ဘာသာစကား အခက်အခဲလည်း ရှိမယ်လို့ မြင်ပါတယ်။ တချို့ တိုင်းရင်းသား လူမျိုးပေါင်း မြောက်မြားစွာက သူတို့ ကျွမ်းကျင်တဲ့ ဘာသာစကား မဟုတ်တဲ့၊ ရုပ်သံ အသံလွှင့်တာကအစ ပန်းဖလက် ကြေညာတာ အဆုံး ကိုယ့်ဘာသာစကား မဟုတ်ဘူးဆိုရင် သူတို့က နားလည်ရ ခက်ပါတယ်။ အဲဒီအတွက် မီဒီယာကိုလည်း အားကိုးပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တမ်းအရ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားတွေများတဲ့အတွက် ပယ်မဲ အများဆုံး တွေ့ရှိထားတာ ဖြစ်ပါတယ်။
၂၀၂၀ နိုင်ငံသားများ နိုင်ငံရေးမျော် မှန်းချက်စစ်တမ်းဟာ ၂၀၁၉ မတ်လက ကောက်ယူထားတဲ့ အချက်အလက်ဖြစ်ပြီး ရာခိုင်နှုန်းအရ စိုးရိမ်ရတဲ့အနေထားဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးထွန်းက “အရေးကြီးတဲ့ တွေ့ရှိချက်ကတော့ ၂၀၂၀ မှာ ရွေးကောက်ပွဲက လာတော့မယ်။ ပြည်သူလူထုက ရွေးကောက်ပွဲပေါ်မှာ ဘယ်လောက်အထိ စိတ်ဝင်စားလဲ ဆိုတာ ကျနော်တို့ သိချင်တယ်။ ရွေးကောက်ပွဲက ပြည်သူလူထုအတွက် အရေးကြီးသလား၊ အရေးမကြီးဘူးလား ဆိုတာ သိချင်တော့ ရွေးကောက်ပွဲမှာ ပါဝင်နိုင်သလား၊ မဲပေးနိုင်သလား ဆိုတဲ့ မေးခွန်းမျိုးကို ကျနော်တို့ မေးကြည့်တယ်။ ရွေးကောက်ပွဲရှိရင် ကျိန်းသေ မဲပေးမလား၊ မဲပေးဖို့ အစီအစဉ် ရှိသလား မေးတော့ ကျိန်းသေမဲပေးမယ့် ရာခိုင်နှုန်းက ၄၈ ရာခိုင်နှုန်းပဲ ရှိတယ်။ ဒီကိန်းဂဏန်းဟာ ကျနော်တို့အတွက် သတိထားသင့်တဲ့ ကိန်းဂဏန်း ဖြစ်တယ်။ ဒီကိန်းဂဏန်းဟာ မဲပေးမယ့် ကိန်းဂဏန်းတော့ မဟုတ်ဘူး။ သို့သော် ဒီမိုကရေစီမှာ တရားမျှတတဲ့ ရွေးကောက်ပွဲက အရေးကြီးတယ်။ ပြည်သူလူထု ပါဝင်ဖို့ အရေးကြီးတယ်” လို့ ပြောပါတယ်။
ဒီစစ်တမ်းကို အခြေခံပြီး ၂၀၂၀ အတွက် ပါတီနိုင်ငံရေးတွေ ကြိုတင်ပြင်ဆင်မှုတွေ ပြုသွားရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့သဘောထားအမြင် စစ်တမ်းကို တနိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ၂၃၃ မြို့နယ်မှာ ကောက်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ခွန်ရာဇာ
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ျပည္သူမ်ား ႏိုင္ငံေရးစိတ္ဝင္စားမႈ နည္းလာသျဖင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ စိုးရိမ္ရ
ျမန္မာႏိုင္ငံအတြင္းရွိ ျပည္သူေတြဟာ ႏိုင္ငံေရး စိတ္ဝင္စားမႈ ေလ်ာ့နည္းလာတာေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ စိုးရိမ္စရာေတြ ျဖစ္လာတယ္လို႔ ၂၀၂၀ ႏိုင္ငံသားမ်ား ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။
၂၀၂၀ ႏိုင္ငံသားမ်ား ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္စစ်တမ်း ရွင္းလင္းပြဲကို စက္တင္ဘာ ၂၇ ရက္ ေတာင္ႀကီးၿမိဳ႕ ထိန္သာဟိုတယ္မွာ ျပဳလုပ္ခဲ့ပါတယ္။
ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ ပ႐ိုဂရမ္မန္ေနဂ်ာ ကိုဟန္စိုးထြန္းက “ေလာေလာဆယ္ ႏိုင္ငံေရးအေပၚမွာ စိတ္ဝင္စားမႈ အခုလက္ရွိအခ်ိန္မွာ ရွိတဲ့အေနအထားေပၚမွာ ခန႔္မွန္းၿပီးေတာ့မွ ၂၀၂၀ အတြက္ ဘာလုပ္မလဲေပါ့။ ဒီကိန္းဂဏန္းေတြဟာ သတိထားရမယ့္ အေနအထားမွာ ရွိေနတယ္။ တခ်ိဳ႕ကိန္းဂဏန္းေတြ ၂၀၂၀ မွာ တိုးတက္လာမွ ႏိုင္ငံေရးပါတီေတြ အားလုံးအတြက္ အက်ိဳးရွိလိမ့္မယ္။ အဲဒီသေဘာတရားကို က်ေနာ္တို႔က ေျပာခ်င္တာ။ ၂၀၂၀ မွာ ဒီကိန္းဂဏန္းအတိုင္း ရွိမယ္လို႔ ေျပာတာ မဟုတ္ဘူး။ လက္ရွိအေနအထားကေတာ့ ၂၀၁၉ မတ္လမွာ ဒီအေနအထား ရွိေနတယ္။ ၂၀၂၀ မွာ ဒီအေနအထားကို ေျပာင္းဖို႔ ႀကိဳးစားဖို႔ လိုတာေပါ့။ ကိုယ္ လိုခ်င္တဲ့ အေနအထားကို ေရာက္ဖို႔အတြက္ ဘယ္လိုေတြ လုပ္မလဲဆိုတာ က်ေနာ္တို႔က ပိုၿပီးအဓိကထားခ်င္တာပါ” လို႔ ေျပာပါတယ္။
ျပည္သူေတြ ႏိုင္ငံေရး စိတ္ဝင္စားမႈနည္းၿပီး ေ႐ြးေကာက္ပြဲ အေလးထားမႈ နည္းလာျခင္းဟာ သတင္းအခ်က္အလက္ ရရွိမႈ အားနည္းတာနဲ႔ ဘာသာစကား အခက္အခဲ ရွိတာေၾကာင့္လို႔ ႏိုင္ငံေရးပါတီေတြက သုံးသပ္လိုက္ပါတယ္။
ေတာင္ႀကီးၿမိဳ႕နယ္ SNLD ပါတီဥကၠ႒ နန္းျမဦးက တႏိုင္ငံလုံးမွာ မဲေပးတာ နည္းတာဟာ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္ ခ်ီတက္တာနဲ႔ ေ႐ြးေကာက္ပြဲ လုပ္တဲ့ေနရာမွာ စိုးရိမ္ရတယ္လို႔ ေျပာပါတယ္။
“သူတို႔ရဲ႕စစ္တမ္းအရဆိုရင္ ဒီအေပၚမွာ သူတို႔ ယုံၾကည္မႈေတြ အားနည္းေနတယ္။ တပိုင္းက နားမလည္ဘူး။ ႏိုင္ငံသားတေယာက္ ရွိရမယ့္ တာဝန္နဲ႔ ဝတၱရားကို မသိတာ၊ ေ႐ြးေကာက္ပြဲရဲ႕ သမာသမတ္ရွိမႈ၊ အသုံးဝင္မႈ၊ ဘာေၾကာင့္ ဒီေ႐ြးေကာက္ပြဲ အေရးႀကီးတယ္ဆိုတာ ျပည္သူတိုင္းကို မက္ေဆ့ခ်္မထည့္ေပးႏိုင္ဘူးလို႔ ျမင္ပါတယ္။ သတင္းအခ်က္အလက္ေတြကို လက္လွမ္းမမီတာ တပိုင္းေပါ့။ တိုင္းနဲ႔ျပည္နယ္ အသီးသီးမွာေတာင္မွ ရွမ္းျပည္နယ္ဟာ ပယ္မဲမ်ားတယ္ဆိုတဲ့ လကၡဏာဟာ မေကာင္းပါဘူး။ သေဘာကေတာ့ ျပည္သူေတြဟာ မဲေပးျခင္းရဲ႕တန္ဖိုးကို မသိဘူး။ မဲကို ဘယ္လိုေပးရမလဲ ဆိုတာ မသိဘူး ျဖစ္ေနတာေပါ့။ ဒါဟာ ပါတီအတြက္၊ ေ႐ြးေကာက္ပြဲအတြက္ အင္မတန္ အႏၲရာယ္မ်ားပါတယ္။ စိန္ေခၚမႈတရပ္လည္း ျဖစ္ပါတယ္။ Civic Education ေတြ အမ်ားႀကီး လုပ္ရမယ္။ သတင္းမီဒီယာရဲ႕ ေဖာ္ျပမႈေတြလည္း အမ်ားႀကီး လိုအပ္တယ္။ ေဖာ္ျပတဲ့ေနရာမွာ ဘာသာစကား အခက္အခဲလည္း ရွိမယ္လို႔ ျမင္ပါတယ္။ တခ်ိဳ႕ တိုင္းရင္းသား လူမ်ိဳးေပါင္း ေျမာက္ျမားစြာက သူတို႔ ကြၽမ္းက်င္တဲ့ ဘာသာစကား မဟုတ္တဲ့၊ ႐ုပ္သံ အသံလႊင့္တာကအစ ပန္းဖလက္ ေၾကညာတာ အဆုံး ကိုယ့္ဘာသာစကား မဟုတ္ဘူးဆိုရင္ သူတို႔က နားလည္ရ ခက္ပါတယ္။ အဲဒီအတြက္ မီဒီယာကိုလည္း အားကိုးပါတယ္”လို႔ ေျပာပါတယ္။
ဒါ့အျပင္ စစ္တမ္းအရ ရွမ္းျပည္နယ္မွာ တိုင္းရင္းသားေတြမ်ားတဲ့အတြက္ ပယ္မဲ အမ်ားဆုံး ေတြ႕ရွိထားတာ ျဖစ္ပါတယ္။
၂၀၂၀ ႏိုင္ငံသားမ်ား ႏိုင္ငံေရးေမ်ာ္ မွန္းခ်က္စစ္တမ္းဟာ ၂၀၁၉ မတ္လက ေကာက္ယူထားတဲ့ အခ်က္အလက္ျဖစ္ၿပီး ရာခိုင္ႏႈန္းအရ စိုးရိမ္ရတဲ့အေနထားျဖစ္ပါတယ္။
ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ ပ႐ိုဂရမ္မန္ေနဂ်ာ ကိုဟန္စိုးထြန္းက “အေရးႀကီးတဲ့ ေတြ႕ရွိခ်က္ကေတာ့ ၂၀၂၀ မွာ ေ႐ြးေကာက္ပြဲက လာေတာ့မယ္။ ျပည္သူလူထုက ေ႐ြးေကာက္ပြဲေပၚမွာ ဘယ္ေလာက္အထိ စိတ္ဝင္စားလဲ ဆိုတာ က်ေနာ္တို႔ သိခ်င္တယ္။ ေ႐ြးေကာက္ပြဲက ျပည္သူလူထုအတြက္ အေရးႀကီးသလား၊ အေရးမႀကီးဘူးလား ဆိုတာ သိခ်င္ေတာ့ ေ႐ြးေကာက္ပြဲမွာ ပါဝင္ႏိုင္သလား၊ မဲေပးႏိုင္သလား ဆိုတဲ့ ေမးခြန္းမ်ိဳးကို က်ေနာ္တို႔ ေမးၾကည့္တယ္။ ေ႐ြးေကာက္ပြဲရွိရင္ က်ိန္းေသ မဲေပးမလား၊ မဲေပးဖို႔ အစီအစဥ္ ရွိသလား ေမးေတာ့ က်ိန္းေသမဲေပးမယ့္ ရာခိုင္ႏႈန္းက ၄၈ ရာခိုင္ႏႈန္းပဲ ရွိတယ္။ ဒီကိန္းဂဏန္းဟာ က်ေနာ္တို႔အတြက္ သတိထားသင့္တဲ့ ကိန္းဂဏန္း ျဖစ္တယ္။ ဒီကိန္းဂဏန္းဟာ မဲေပးမယ့္ ကိန္းဂဏန္းေတာ့ မဟုတ္ဘူး။ သို႔ေသာ္ ဒီမိုကေရစီမွာ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက အေရးႀကီးတယ္။ ျပည္သူလူထု ပါဝင္ဖို႔ အေရးႀကီးတယ္” လို႔ ေျပာပါတယ္။
ဒီစစ္တမ္းကို အေျခခံၿပီး ၂၀၂၀ အတြက္ ပါတီႏိုင္ငံေရးေတြ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳသြားရမွာ ျဖစ္ပါတယ္။
ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔သေဘာထားအျမင္ စစ္တမ္းကို တႏိုင္ငံလုံး အတိုင္းအတာျဖင့္ ၿမိဳ႕နယ္ ၂၃၃ ၿမိဳ႕နယ္မွာ ေကာက္ယူခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။
ခြန္ရာဇာ