မြစ်ကြီးနားမြို့က ရက်ကန်းလုပ်ငန်း (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
September 10, 2019
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ရက်ကန်းလုပ်ငန်းကို စက်ရက်ကန်း၊ လက်ရက်ကန်း နှစ်မျိုးခွဲပြီး လုပ်ကိုင်ကြပါတယ်။
ရန်ပူရပ်ကွက်မှာ အများဆုံး လုပ်ကိုင်ကြပြီး ရက်ကန်းလုပ်ငန်း ၁ဝဝ ဝန်းကျင်လောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လုံချည် ထဘီတွေအပြင် ချည်ထည်တွေကို ရက်လုပ်ကြပြီး နှစ်တစ်ရာချည် သို့မဟုတ် ချည်ချောကို မှာပြီး ရက်လုပ်ရတာပါ။ အရောင်စုံတဲ့ ကချင်ထည်ဝမ်းဆက်ရဖို့ လက်ရက်ကန်းဆိုရင် ၃ ရက်လောက် ရက်လုပ်ရပြီး မြစ်ကြီးနား အပါအဝင် တနိုင်ငံလုံးကို လက်ကားတင် ပို့ကြပါတယ်။
လက်ရက်ကန်းရက်ဖို့အတွက် ချည်မျှင်တွေကို စက်ဘီးခွေ၊ စက်၊ ရစ်ခုံနဲ့ ရစ်ကြပါတယ်။
မြန်မာ့ရက်ကန်းစင်တွေဟာ အရည်အသွေးမြင့်မားတဲ့ အထည်တွေ ထုတ်လုပ်နိုင်ပေမယ့် ပြည်ပက တင်သွင်းတဲ့ အထည်စျေးကွက်ကိုတော့ ယှဉ်ပြိုင်ဖို့ ခက်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ျမစ္ႀကီးနားၿမိဳ႕က ရက္ကန္းလုပ္ငန္း (ဓာတ္ပုံ)
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာေတာ့ ရက္ကန္းလုပ္ငန္းကို စက္ရက္ကန္း၊ လက္ရက္ကန္း ႏွစ္မ်ိဳးခြဲၿပီး လုပ္ကိုင္ၾကပါတယ္။
ရန္ပူရပ္ကြက္မွာ အမ်ားဆုံး လုပ္ကိုင္ၾကၿပီး ရက္ကန္းလုပ္ငန္း ၁ဝဝ ဝန္းက်င္ေလာက္ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ကခ်င္လုံခ်ည္ ထဘီေတြအျပင္ ခ်ည္ထည္ေတြကို ရက္လုပ္ၾကၿပီး ႏွစ္တစ္ရာခ်ည္ သို႔မဟုတ္ ခ်ည္ေခ်ာကို မွာၿပီး ရက္လုပ္ရတာပါ။ အေရာင္စုံတဲ့ ကခ်င္ထည္ဝမ္းဆက္ရဖို႔ လက္ရက္ကန္းဆိုရင္ ၃ ရက္ေလာက္ ရက္လုပ္ရၿပီး ျမစ္ႀကီးနား အပါအဝင္ တႏိုင္ငံလုံးကို လက္ကားတင္ ပို႔ၾကပါတယ္။
လက္ရက္ကန္းရက္ဖို႔အတြက္ ခ်ည္မွ်င္ေတြကို စက္ဘီးေခြ၊ စက္၊ ရစ္ခုံနဲ႔ ရစ္ၾကပါတယ္။
ျမန္မာ့ရက္ကန္းစင္ေတြဟာ အရည္အေသြးျမင့္မားတဲ့ အထည္ေတြ ထုတ္လုပ္ႏိုင္ေပမယ့္ ျပည္ပက တင္သြင္းတဲ့ အထည္ေစ်းကြက္ကိုေတာ့ ယွဥ္ၿပိဳင္ဖို႔ ခက္တယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။