လောင်စာဆီတင်သင်္ဘောတစီး အီရန် ဖမ်းဆီး၊ ဖိလစ်ပိုင်သင်္ဘောသား ၁၂ ဦးကို ထိန်းသိမ်း
DVB
·
September 8, 2019
ပင်လယ်ကွေ့ရေပြင်မှာ လောင်စာဆီမှောင်ခို တင်ပို့တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားတွန်းသင်္ဘောတစီးကို အီရန်ကမ်းခြေစောင့် တပ်ဖွဲ့က သိမ်းယူလိုက်ပြီး ဖိလစ်ပိုင် သင်္ဘောသား ၁၂ ယောက်ကိုလည်း ထိန်းသိမ်းထားတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံသတင်းဌာနက စက်တင်ဘာ ၇ ရက်နေ့မှာ ဖော်ပြပါတယ်။
အဲဒီတွန်းသင်္ဘောဟာ ဒီဇယ်ဆီ လီတာပေါင်း နှစ်သိန်းရှစ်သောင်းလေးထောင်နီးပါး တင်ဆောင်လာတယ်လို့ နိုင်ငံပိုင်ရုပ်သံက ပြောပေမယ့် ဘယ်နိုင်ငံအလံလွှင့်သင်္ဘော ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
အီရန်နိုင်ငံမှာ များပြားတဲ့ အစိုးရ အမတော်ကြေးကြောင့် ကမ္ဘာ့ဈေးအချိုဆုံး လောင်စာဆီတွေ ရနိုင်ပါတယ်။ ဒါကြောင့် ကုန်းကြောင်းနဲ့ အာရပ်ပင်လယ်ကွေ့ ရေပြင်ကနေတဆင့် အိမ်နီးချင်းနိုင်ငံတွေဆီကို လောင်စာဆီ မှောင်ခိုတင်ပို့မှုတွေကို အီရန်အစိုးရက နှိမ်နင်းနေရပါတယ်။
၂၀၁၈ ခုနှစ်မှာ အမေရိကန်နိုင်ငံက ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်ရဲ့ ရေနံလုပ်ငန်းအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပင်လယ်ကွေ့ဒေသမှာ အီရန်နဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ လောင်စာဆီ မှောင်ခိုပြဿနာတွေ အရှိန်မြင့်တက်လာတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေလာင္စာဆီတင္သေဘၤာတစီး အီရန္ ဖမ္းဆီး၊ ဖိလစ္ပိုင္သေဘၤာသား ၁၂ ဦးကို ထိန္းသိမ္း
ပင္လယ္ေကြ႕ေရျပင္မွာ ေလာင္စာဆီေမွာင္ခို တင္ပို႔တယ္လို႔ သံသယရွိတဲ့ ႏိုင္ငံျခားတြန္းသေဘၤာတစီးကို အီရန္ကမ္းေျခေစာင့္ တပ္ဖြဲ႕က သိမ္းယူလိုက္ၿပီး ဖိလစ္ပိုင္ သေဘၤာသား ၁၂ ေယာက္ကိုလည္း ထိန္းသိမ္းထားတယ္လို႔ အီရန္ႏိုင္ငံပိုင္ ႐ုပ္သံသတင္းဌာနက စက္တင္ဘာ ၇ ရက္ေန႔မွာ ေဖာ္ျပပါတယ္။
အဲဒီတြန္းသေဘၤာဟာ ဒီဇယ္ဆီ လီတာေပါင္း ႏွစ္သိန္းရွစ္ေသာင္းေလးေထာင္နီးပါး တင္ေဆာင္လာတယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံက ေျပာေပမယ့္ ဘယ္ႏိုင္ငံအလံလႊင့္သေဘၤာ ဆိုတာကိုေတာ့ မေျပာခဲ့ပါဘူး။
အီရန္ႏိုင္ငံမွာ မ်ားျပားတဲ့ အစိုးရ အမေတာ္ေၾကးေၾကာင့္ ကမာၻ႔ေဈးအခ်ိဳဆုံး ေလာင္စာဆီေတြ ရႏိုင္ပါတယ္။ ဒါေၾကာင့္ ကုန္းေၾကာင္းနဲ႔ အာရပ္ပင္လယ္ေကြ႕ ေရျပင္ကေနတဆင့္ အိမ္နီးခ်င္းႏိုင္ငံေတြဆီကို ေလာင္စာဆီ ေမွာင္ခိုတင္ပို႔မႈေတြကို အီရန္အစိုးရက ႏွိမ္နင္းေနရပါတယ္။
၂၀၁၈ ခုႏွစ္မွာ အေမရိကန္ႏိုင္ငံက ၂၀၁၅ အီရန္ န်ဴကလီးယား သေဘာတူညီခ်က္ကေန ႏုတ္ထြက္ၿပီး အီရန္ရဲ႕ ေရနံလုပ္ငန္းအေပၚ အေရးယူ ပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ပါတယ္။
အဲဒီေနာက္ပိုင္း ပင္လယ္ေကြ႕ေဒသမွာ အီရန္နဲ႔ အေနာက္ႏိုင္ငံေတြအၾကား တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာ ေလာင္စာဆီ ေမွာင္ခိုျပႆနာေတြ အရွိန္ျမင့္တက္လာတယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။