နောင်ချိုမြို့နယ်တွင် TNLA နှင့်RCSS တိုက်ပွဲဖြစ် ၁ ဦးသေ
နော်နိုရင်း
·
August 16, 2019
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း တအာင်းတပ်မတော် တီအန်အယ်အေနဲ့ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်)တို့ မနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နောင်ချိုမြို့နယ် မန်ပန်ရွာနဲ့ ပန်မိုလုရွာကြားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး နောင်ချိုတိုက်ပွဲကနေ ပြန်လည်ဆုတ်ခွာချိန်မှာ အာစီအက်အက်စ်တပ်ဖွဲ့နဲ့ တိုးပြီး တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ တီအန်အယ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။
“မနေ့က ကျနော်တို့ဒီနောင်ချိုတိုက်ပွဲကနေ အပြန်ပေါ့။ မန်ပန်နားရောက်တော့ အာစီအက်စ်အက်စ်က ကျနော်တို့ကိုလိုက်ပြီးမှ ပစ်ခတ်တော့ တိုက်ပွဲက ပြန်ဖြစ်လာတယ်။ တိုက်ပွဲကတော့ ၂ နာရီဝန်ကျင်လောက်ဖြစ်တယ်။ ထိခိုက်ကျဆုံးမှုကတော့ ကျနော်တို့ဘက်က တော့ တဦးရှိတယ်။ အာစီအက်စ်အက်စ် ဘက်ကတော့ မသိရဘူး။”
ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) အပါအဝင် နေရာ၅ ခုကို မနေ့မနက် ၅ နာရီကျော်မှာ တီအန်အယ်အေ၊ အေအေနဲ့ ကိုးကန့် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုဝင်ရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ၁၄ ယောက်သေဆုံးခဲ့ပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်မှာ အာစီအက်စ်အက်စ်နဲ့ တီအန်အယ်အေ အကြား ၂၀၁၅ ခုက စပြီး တိုက်ပွဲတွေမကြာဏဖြစ်ပွားခဲ့ပေမယ့် အခုချိန်ထိ တွေ့ဆုံဆွေးနွေးတာမရှိသေးပါဘူး။
Zawgyi Version နောင်ချိုမြို့နယ်တွင် TNLA နှင့်RCSS တိုက်ပွဲဖြစ် ၁ ဦးသေ နော်နိုရင်း ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း တအာင်းတပ်မတော် တီအန်အယ်အေနဲ့ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်)တို့ မနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နောင်ချိုမြို့နယ် မန်ပန်ရွာနဲ့ ပန်မိုလုရွာကြားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး နောင်ချိုတိုက်ပွဲကနေ ပြန်လည်ဆုတ်ခွာချိန်မှာ အာစီအက်အက်စ်တပ်ဖွဲ့နဲ့ တိုးပြီး တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ တီအန်အယ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။ “မနေ့က ကျနော်တို့ဒီနောင်ချိုတိုက်ပွဲကနေ အပြန်ပေါ့။ မန်ပန်နားရောက်တော့ အာစီအက်စ်အက်စ်က ကျနော်တို့ကိုလိုက်ပြီးမှ ပစ်ခတ်တော့ တိုက်ပွဲက ပြန်ဖြစ်လာတယ်။ တိုက်ပွဲကတော့ ၂ နာရီဝန်ကျင်လောက်ဖြစ်တယ်။ ထိခိုက်ကျဆုံးမှုကတော့ ကျနော်တို့ဘက်က တော့ တဦးရှိတယ်။ အာစီအက်စ်အက်စ် ဘက်ကတော့ မသိရဘူး။” ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) အပါအဝင် နေရာ၅ ခုကို မနေ့မနက် ၅ နာရီကျော်မှာ တီအန်အယ်အေ၊ အေအေနဲ့ ကိုးကန့် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုဝင်ရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ၁၄ ယောက်သေဆုံးခဲ့ပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်မှာ အာစီအက်စ်အက်စ်နဲ့ တီအန်အယ်အေ အကြား ၂၀၁၅ ခုက စပြီး တိုက်ပွဲတွေမကြာဏဖြစ်ပွားခဲ့ပေမယ့် အခုချိန်ထိ တွေ့ဆုံဆွေးနွေးတာမရှိသေးပါဘူး။