Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ မုံရွာတွင် ကျင်းပ
DVB
·
July 27, 2019
my
အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ၃ ရက်တာ ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်း မုံရွာမြို့တော်ခန်းမမှာ ကျင်းပနေပါတယ်။ ဒီအခမ်းအနားမှာ တနိုင်ငံလုံးက ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တိုင်းနဲ့ ပြည်နယ်အနှံ့က အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် ၂၀၀ ဝန်းကျင်က ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ တိုင်းနှင့်ပြည်နယ်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးကော်မရှင်မှ ဦးလှမောင်ရွှေ၊ ABSDF ဗဟိုကော်မတီဝင် မိဆူးပွင့်၊ UPDJC မှ ဦးဦးလှစော၊ ဒေါ်ချင်းချင်း၊ မဟာဗျုဟာနှင့် လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်တို့က ဦးဆောင်ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။ ၃ ရက်တာဆွေးနွေးပွဲက ရရှိတဲ့ အချက်အလက်တွေကို စာတမ်းအဖြစ် စုစည်းကာ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ ပြန်လည်တင်ပြဆွေးနွေးသွားမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013