Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေးနှင့် ရခိုင်အရေးတွင် တရုတ်က မြန်မာဘက်က ထောက်ခံရပ်တည်
DVB
·
November 16, 2018
china
မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ် အရေးတို့မှာ တရုတ်က  ထောက်ခံ သွားမှာဖြစ်ပြီး နိုင်ငံတကာ မျက်နှာစာမှာ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခချန်းက ပြောပါတယ်။ စင်ကာပူမှာ နိုဝင်ဘာ ၁၅ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်းတို့တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့  ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ၊ ပညာရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စ၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ရခိုင် ပြည်နယ်အရေးတို့မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်က ရပ်တည်ပေးမှု အတွက် ကျေးဇူး တင်တယ်လို့ ပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေတက်ဖို့ စင်ကာပူနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- အတိုင်ပင်ခံရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024