Home
မြန်မာသတင်း
မြိတ်တွင် သိန်း ၅ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 27, 2019
wy
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ၊ တက္ကသိုလ်ရပ်ကွက်မှာ ဇူလိုင် ၂၆ ရက်၊ ညနေ ၅ နာရီလောက် သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ တက္ကသိုလ်ရပ်ကွက်၊ ချမ်းမြေ့သာယာလမ်းရှိ စိုးမင်းခိုင်(ခ)အငယ်လေးရဲ့ နေအိမ်မှာ မူးယစ်ဆေးရောင်းဝယ်နေကြောင်း သတင်းအရ မြိတ်ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ နယ်ထိန်းဒုရဲအုပ်မြင့်ဇော် ဦးဆောင်တဲ့အဖွဲ့ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေရာမှာ WY မူးယစ်ဆေးပြာ ၉ သောင်း ၃ ထောင် နဲ့ ICE မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာပါ။ "မူးယစ်ဆေးရောင်းနေတယ် သတင်းရလို့ ကျနော်တို့အဖွဲ့က ဖမ်းဝရမ်းနဲ့ဝင်ရှာတော့ စိုးမင်းခိုင်ကို သူ့အိမ်အပေါ်ထပ် အိပ်ခန်းဝမှာ ခရီးဆောင်အိတ် ၁ လုံး ပိုက်ထားလျက်နဲ့တွေ့တယ်။ သူ့အိတ်ကို သက်သေတွေရှေ့မှာ ဖွင့်ရှာတော့ WY ဆေးပြား ၉ သောင်း ၃ ထောင်နဲ့ ICE မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းမိတယ်။ ဒေသပေါက်ဈေးနဲ့ဆိုရင် ၂ မျိုးပေါင်း ကျပ်သိန်းပေါင်း ၅,၄၅၀ တန်ဖိုးရှိပါတယ်။ မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးရာမှာ အသုံးပြုတဲ့ Hilux အမျိုးအစား ကားတစီး၊ Wave-125 အမျိုးအစား ဆိုင်ကယ် ၁ စီးနဲ့ လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းထားတယ်"လို့ မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ် မြင့်ဇော်က ပြောပါတယ်။ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ စိုးမင်းခိုင် (ခ) အငယ်လေး အား မြိတ်မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉ (က) နဲ့ အရေးယူထားပြီး ကွင်းဆက်တရားခံအားဖမ်းဆီးရမိရေး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013