Home
မြန်မာသတင်း
ဓာတ်မှန်စက်ကြောင့် မူးယစ်ဆေးရှာခံရသူများ အန္တရာယ်မဖြစ်ဟု ပြည်ထဲရေး ထုတ်ပြန်
DVB
·
June 29, 2019
wy
ကားပေါ်မှာ မူးယစ်ဆေးဝါး ပါ၊ မပါရှာဖွေတဲ့ ဓာတ်မှန်စက်ကြောင့် လူတွေကို ဓာတ်ရောင်ခြည် အန္တရာယ်မဖြစ်စေဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကားတစီးလုံးကို X-ray နဲ့ စစ်ဆေးတာဖြစ်ပြီး ကားပေါ်မှာပါလာတဲ့ လူတယောက်ချင်းစီကို ကျရောက်တဲ့ ဓာတ်ရောင်ခြည်ပမာဏဟာ တိုက်အိမ်ထဲမှာ နေထိုင်တာလောက်တောင်မများဘူးလို့ တွက်ချက်ပြထားပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ရွေ့လျား X-ray (VACIS M6500) ရိုက်စက်ယာဉ်နဲ့ စစ်ဆေးရာမှာ တယောက်ချင်းစီကို ကျရောက်နိုင်တဲ့ ဓာတ်ရောင်ခြည်ပမာဏဟာ ၀ ဒသမ ၁၇ μSv ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုစစ်ဆေးတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံ ANSI (American National Standards Institute) ရဲ့ စစ်ဆေးမှုတွေအရ ဘေးအန္တရာယ် မရှိကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။ နှိုင်းယှဉ်တွက်ချက်ပြရာမှာတော့ ရေသောက်တာကြောင့် တနှစ်မှာ ၅၀ μSv (တရက်မှာ ၀ ဒသမ ၁၃ μSv) ဓာတ်ရောင်ခြည်သက်ရောက်စေပြီး တိုက်အိမ်ထဲမှာနေရင် တနှစ်မှာ ၇၀ μSv (တရက်မှာ ၀ ဒသမ ၁၉ μSv)၊ သွားဓာတ်မှန်၊ ရင်ဘတ်ဓာတ်မှန် တကြိမ်ရိုက်ရင် ၁၀၀ μSv၊ ပေ ၃၉၀၀၀ အထက်က လေယာဉ် တနာရီစီးရင် ၅ μSv၊ နှလုံးသွေးကြောကြည့်တဲ့စက်နဲ့ တကြိမ်ကုသရင် ၂၀၀၀၀ μSv သက်ရောက်စေတယ်လို့ ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013