Home
မြန်မာသတင်း
ကချင်နှင့် တနင်္သာရီတွင် ငွေကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 29, 2019
drugs seized-Home Affairs
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့မှာ ငွေကျပ် ၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၇ ရက် မနက်က မြစ်ကြီးနား မူးယစ်တပ်ဖွဲ့စု ၂ က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ခွန်ဆန် မောင်းနှင်ပြီး ခွန်ဆိုင်း လိုက်ပါလာတဲ့ GRANDIS အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာမှာ  ငွေကျပ် ၁,၉၂၇ ဒသမ ၂ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၄၀၉ ကီလိုနဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။ အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာလည်း ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာအုပ်စု၊ ဘဝါကျေးရွာနေ မြင့်ထွန်းရဲ့ ဥယျာဉ်ခြံတဲကို ရှာဖွေရာ တဲအနောက်ဘက်ရှိ မြေကြီးအတွင်းမှ ငွေကျပ် ၅,၆၈၁ ဒသမ ၆ သိန်း တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး ၁၄ ဒသမ ၂၀၄ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေနဲ့ ပတ်သက်ပြီး ခွန်ဆန်၊ ခွန်ဆိုင်းနဲ့ မြင့်ထွန်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013