Home
မြန်မာသတင်း
ဖြူးမြို့နယ်၌ တွဲကားတစီးက လမ်းဘေးဆီဆိုင်ကို ၀င်တိုက်သဖြင့် လူ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
July 26, 2019
car
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ညောင်ပင်သာမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၂၁)အနီးမှာ မနေ့ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး  အမျိုးသမီး ၁ဦးသေဆုံးကာ အမျိုးသား ၂ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ရန်ကုန်ကနေ နေပြည်တော်ဘက် မောင်းလာတဲ့ ၂၂ ဘီးတပ် တွဲကားတစီးက ဆိုင်ကယ်တစီးကို ရှောင်တိမ်းရာက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်ဆီဆိုင်ကို ဝင်တိုက်မိခဲ့ပြီးနောက် ဆီထည့်နေတဲ့ ဆိုင်ကယ်နဲ့ ခရီးသွားတွေကို ထပ်ပြီး ဝင်တိုက်မိခဲ့တာပါ။ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက "ကားက လမ်းဘေးက တက်လာတဲ့ ဆိုင်ကယ်ကိုရှောင်တာ၊ အရှိန်ကများလာတော့ မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးက ဆီဆိုင်မှာ ဆီထည့်နေတဲ့ ဆိုင်ကယ်နဲ့ လူတွေကို ဝင်တိုက်တာ။ အမျိုးသမီး တဦးကတော့ ဆုံးသွားတယ်။ တခြားဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် မှော်ယောကြီးဆင်စခန်းမှာနေထိုင်တဲ့ နော်ဖောမူ (၆၅ နှစ်) ဟာ ဆေရုံပို့ဆောင်စဉ် သေဆုံးသွားပြီး တခြားအမျိုးသား ၂ ဦးဟာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့လို့  ဆေးကုသမှု ခံယူနေရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၂၂ ဘီးတပ် ယာဉ်မောင်း ဝင်းမျိုးနိုင်ကို ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ သတင်း- ကျော်အောင်(ကညွတ်ကွင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013