Home
မြန်မာသတင်း
ဖြူးမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ပို့ချ
DVB
·
June 29, 2019
mal
ပဲခူးတိုင်း ဖြူးမြို့ရှိ သာသနာ့ဗိမာန်မှာ မြို့နယ် ရွေကောက်ပွဲကော်မရှင်အဖွဲခွဲ မှ ကော်မရှင်အဖွဲဝင်တွေကို အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇွန်လ ၂၈ ရက် ပြုလုပ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ရွှေးကောက်ပွဲအား မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေ အခွင့်ရေး ဆုံးရှုံးမူမရှိစေဖို့ ရည်ရွယ်ပြီး အခုသင်တန်းကို ပေးခဲ့တာလို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဆွေကျော်က ပြောပါတယ်။ "၂၀၁၅ ရွေးကောက်ပွဲတုန်းက လိုအပ်ချက်ကို သင်ခန်းစာယူပြီး ၂၀၂၀ အတွက် အခု ကတည်းက ပြင်ဆင်တာပါ။ မဲဆန္ဒပေးခွင့်ရှိတဲ့သူ အကုန်ပါစေချင်တယ်၊ အခွင့်ရေး မဆုံးရှုံးအောင်လို့ နဲ့ ခိုင်မာတိကျတဲ့ မဲဆန္ဒရအောင်လို့ပါ။" သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမတွေ၊ ဌာနဆိုင်ရာတွေ လူအင်းအား ၃၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ ၂၀၁၅ ခု နှစ် ရွှေကောက်ပွဲမှာ မဲရုံ ၂၁၂ ရုံ ရှိခဲ့ပြီး လက်ရှိမှာ ယင်းမဲရုံအတိုင်း လျာထားကာ လူဦးရေစာရင်းကောက်ယူရရှိတဲ့အပေါ် မူတည်ပြီး မဲရုံတွေ ထပ်မံတိုးချဲ့သွားမယ်လို့ ဖြူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ သတင်း-ကျော်အောင်(ကညွတ်ကွင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013