Home
မြန်မာသတင်း
ဖြူးမြို့ အင်းလေလံပွဲ အစုအဖွဲ့အများစု လေလံအောင်
DVB
·
May 25, 2019
inn
ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ အင်းတွေကို ပထမအကြိမ်လေလံပွဲမှာ ပြီးခဲ့တဲ့နှစ်တွေထက် ဈေးနှုန်း ပိုမိုရရှိခဲ့ပြီး အစုအဖွဲ့အများစုက လေလံအောင်ခဲ့တယ်လို့ သိရပါတယ်။ မေ ၂၄ ရက်နေ့က ဖြူးမြို့စည်ပင်ခန်းမမှာ ပြုလုပ်တဲ့ ပထမအကြိမ်လေလံတင်ရောင်းချပွဲမှာ ဖြူး/အုတ်တွင်းနဲ့ ကျောက်ကြီးမြို့နယ်တွေက အင်းတွေကို လေလံတင်ရောင်းချခဲ့တာပါ။ စုစုပေါင်း ၁၂ အင်း လေလံတင် ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေထက် အခွန်ငွေပိုမိုရရှိခဲ့တယ်လို့ တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးသက်အေးက ပြောပါတယ်။ “တာင်ငူခရိုင်အတွင်းမှာရှိတဲ့ အင်းတွေကို ဒီမှာ ပွင့်လင်းမြင်သာစွာ လေလံတင် ရောင်းချတာဖြစ်တယ်။ အရင်နှစ်တွေထက် ဈေးနှုန်းတွေ အများကြီးပိုရခဲ့ပါတယ်။ အရင်နှစ်က ၃၃ သိန်းလောက်ရတဲ့ အင်းဟာ အခုနှစ်မှာ သိန်း ၅၀၀ ကျော်အထိ ရရှိခဲ့ပါတယ်” အခုနှစ်လေလံပွဲမှာ အစုအဖွဲ့ပိုင်အဖြစ် လေလံစွဲသူ အများစုက လေလံအောင်ခဲ့ကြပြီး အခုလို လေလံစွဲရတာဟာ အင်းလုပ်သားတွေ အလုပ်လက်မဲ့ မဖြစ်ရေးကို ရည်ရွယ်ပြီး စုပေါင်းလေလံစွဲတာလို့ လေလံအောင်သူတဦးက ပြောပါတယ်။ အဆိုပါ မြို့နယ် ၃ ခုမှာ အင်းပေါင်း ၅၇ အင်းရှိပြီး အင်းသုံးခုမှာ သဲနှုန်းတွေ ဖုံးလွှမ်းတိမ်ကောသွားတဲ့အတွက် လေလံတင်ရောင်းချနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ၂၀၁၈-၂၀၁၉ အင်းရာသီအတွက် အင်းလေလံရောင်းချခဲ့ရာ အင်းခွန်ငွေ သိန်း ၈၀၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင်(ကညွတ်ကွင်း )

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013