Home
မြန်မာသတင်း
ရသေ့တောင်တွင် တပ်​မ​တော်​​ရေယာဉ်တစီး ​ပစ်ခတ်ခံရ
DVB
·
July 20, 2019
yt
ရ​ခိုင်​ပြည်​နယ်​ ရသေ့​တောင်​မြို့နယ်​ ပြာပင်​ရင်း ​ချောင်းဝမှာ ​ရပ်​နားထားတဲ့ တပ်​မတော်​ ​ရေတပ်ပိုင် ရေယာဉ်တစီးကို ဇူလိုင်​ ၂၀ ရက်​​နေ့ မနက်​ ၅ နာရီလောက်မှာ အေအေအဖွဲ့က ပစ်ခတ် တိုက်​ခိုက်​ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်​ပြု​ပြောကြားပါတယ်​။ “ပစ်​ခတ်​တိုက်​ခိုက်​ခံရတာ မှန်​ပါတယ်။ ဘာမှ ဖြစ်​မသွားပါဘူး၊ ထိခိုက်​မှု ဘာမှမရှိပါဘူး၊ နယ်​​မြေရှင်းလင်း​ရေးက​တော့ ထုံးစံအတိုင်း ​ဆောင်​ရွက်​လျက်​ပါ" လို့​ ပြောကြားပါတယ်​။ ရေတပ်​သ​င်္ဘော ပစ်​ခတ်​တိုက်​ခံရတာကြောင့် အနီးအနား ကျေးရွာတွေက ကျေးရွာသားတွေ စိုရိမ်​ပြီး​ ရွာလုံးကျွတ်​နီးပါး ထွက်​​ပြေး​​နေကြ​တယ်လို့ ရခိုင်​ပြည်​နယ်​ မဲဆန္ဒနယ်အမှတ်​ ၃ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးခင်​​မောင်​လတ်​က ပြောပါတယ်​။ "သ​င်္ဘောက ၂ စီး ရပ်​နားထားတာပါ။ ပစ်​ခတ်​ခံရတဲ့အစီးက စစ်​သည်​​တွေကိုတင်​ပြီး ဟိုဘက်​ကမ်းကို ပို့​ပေး​နေတဲ့ ဇက်​သ​င်္ဘောပါ။ တိုက်​ပွဲဖြစ်​တယ်​ဆို​တော့ ရွာသူ/သား​တွေ ထွက်​​ပြေးကြတာက​တော့ အမြဲထွက်​​ပြေး​နေကြပါ။ စစ်​တပ်​​ရောက်​လာရင်​ ​ကြောက်​ကြတယ်​၊ ​​ပြေးကြတယ်၊​ ဒါက ထုံးစံလိုဖြစ်​​နေပါပြီ။ ​ရေတပ်​က ပစ်​တဲ့ လက်​နက်​ကြီး​တွေကလည်း ရွာအနီးအနား​တွေကို ကျ​နေ​တော့ ဘယ်​သူ​နေရဲပါမလဲ။ ထွက်​​ပြေးကြတာပါပဲ" လို့ ​ပြောပါတယ်​။ ထွက်​​ပြေး​နြေ​ကတဲ့​ ကျေးရွာသားတွေကတော့ ပြာပင်​ရင်း(​ခေါ်)​အောင်​သစ္စာ​ ကျေးရွာ၊ လုံးတင်​​ကျေးရွာ၊ ခ​တောင်​​ချောင်း နှန်းစီဂုံး​ကျေးရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တပ်မတော်ရေယာဉ်အား ပစ်ခတ်တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (အေအေ) ပြောခွင့်ရ ခိုင်သုခကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ ဇူလိုင်​ ၁၉ ရက်​​နေ့ကလည်း မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာမှ ၂ မိုင်လောက် ဝေးတဲ့ ကျောက်မော်အနီးမှာ ရေတပ်သင်္ဘောနှစ်စီးနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်​။ ကောင်းကောင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013