မန္တလေးမြေငလျင်စခန်းမှ ၄၃၆ မိုင်အကွာတွင် အင်အား ၅.၆ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
July 20, 2019
မန္တလေးမြေငလျင်စခန်းမှ ၄၃၆ မိုင်လောက်အကွာ မြန်မာနိုင်ငံ ပြည်ပမှာ အင်အား ၅.၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၅ နာရီ၊ ၅၂ မိနစ်၊ ၁၉ စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၄၃၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပ (Eastern Xizang-India Border Region) မြောက်လတ္တီတွဒ် ၂၇.၅၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၂.၈၁ ဒီဂရီ၊ အနက် ၄၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၅.၆)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။