မြစ်ကြီးနားတွင် အင်အား ၄.၂ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
March 15, 2019
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ညက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မတ် ၁၄ ရက်၊ ည ၁၀ နာရီလောက်က မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၅၀ လောက် ကွာဝေးတဲ့ မြစ်ကြီးနားမြို့ရဲ့ အနောက်မြောက်ဘက် ၅၄ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၆.၀၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၀၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်ျ)တာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။