Home
မြန်မာသတင်း
ဇူလိုင် ၅ ရက် တနေ့တည်း မြေငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့
DVB
·
July 6, 2019
eq
မြန်မာနိုင်ငံမှာ ဇူလိုင် ၅ ရက်နေ့ တနေ့တည်း မြေငလျင် ၄ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့   မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဇူလှိုင် ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၁၆ မိနစ်၊ ၃၇ စက္ကန့် အချိန်က မြန်မာ့ပင်လယ်ပြင်၊ မာန်အောင်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၄၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၇၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၀၈ ဒီဂရီ၊ အနက် ၇၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။ အလားတူ ဇူလိုင် ၅ ရက်နေ့ မနက် ၁၀ နာရီ၊ ၀၆ မိနစ်၊ ၅၉ စက္ကန့်အချိန်ကလည်း မြန်အောင်မြို့ရဲ့ အနောက်တောင်ဘက် ၂၂ မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၀၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၄ ဒီဂရီ၊ အနက် ၁၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၅ ရက်နေ့ မနက် ၈ နာရီ၊ ၄၂ မိနစ်၊ ၀၉ စက္ကန့် အချိန်ကလည်း ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် ၁၁ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉.၃၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၆၇ ဒီဂရီ၊ အနက် ၃၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။ ဇူလိုင် ၅ ရက်နေ့ မနက်အစောပိုင်း ၀၅ နာရီ၊ ၁၁ မိနစ်၊ ၅၃ စက္ကန့် အချိန်က ဟုမ္မလင်းမြို့ရဲ့ အရှေ့-အရှေ့​တောင်ဘက် ၂၈ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၄.၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၃၄ ဒီဂရီ၊ အနက် ၇၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013