Home
မြန်မာသတင်း
ပုသိမ်​တွင်​ ယာဉ်​လမ်းစည်းကမ်း လိုက်​နာ​ရန်​ ဆိုင်​ကယ်​စီးဦးထုပ်​များ အခမဲ့​ပေးဝေ
DVB
·
June 24, 2019
car1
ဧရာဝတီတိုင်း​၊ ပုသိမ်​မြို့မှာ ယာဉ်​စည်းကမ်း၊ လမ်းစည်းကမ်း လိုက်​နာ​စေဖို့ အတွက်​ ဆိုင်​ကယ်​စီး ဦးထုပ်​အလုံး ၃၀၀ ကို ဇွန် ၂၄ ရက်​​နေ့ မနက်ပိုင်းက ​​တိုင်း​ဒေသကြီး အစိုးရအဖွဲ့က​နေ ဦး​ဆောင်​ပြီး ​​အခမဲ့ ​ဝေငှ​ပေးခဲ့ပါတယ်​။ ဆိုင်​ကယ်​စီး ဦးထုပ်​​တွေကို​တော့ ပုသိမ်​မြို့လယ်​ လမ်းမတ​ခုဖြစ်​တဲ့ မဟာဗန္ဓုလလမ်းက သာသနာ့ဗိမာန်​နားမှာ ​ဝေငှ​ပေးခဲ့ပြီး လာ​ရောက်​ယူ​ဆောင်​သူ​တွေ များပြားခဲ့တယ်​လို့ ပုသိမ်​မြို့ အမှတ်​ ၁၃ ယာဉ်​ထိန်းရဲတပ်​ဖွဲ့က​နေ သိရပါတယ်​။ "ဆိုင်​ကယ်​အက်​ဆီးဒင့်​​တွေကို ပြန်​ကြည့်​ရင်​ ဆိုင်​ကယ်​စီးဦးထုပ်​ မ​ဆောင်းလို့ဖြစ်​တဲ့ ဒဏ်​ရာရမှုက များပါတယ်​။ အဓိကက​တော့ ဆိုင်​ကယ်​စီးရင်​ ​ဦးထုပ်​​ဆောင်းဖို့ အသိနဲ့သတိထားပြီး ဆိုင်​ကယ်​​ပေါ်​ရောက်​ရင်​ ဦးထုပ်​​ဆောင်းရမယ်​လို့ တဦးချင်း တဦးချင်း အသိ​လေး​တွေ ရ​စေချင်​တာ ပါ" လို့ ပုသိမ်​မြို့ အမှတ်​ ၁၃ ယာဉ်​ထိန်းရဲ ဒုတပ်​ဖွဲ့ခွဲမှူး ရဲမှူးလှစိုးက​ပြောပါတယ်​။ ဆိုင်​ကယ်​စီးဦးထုပ်​​တွေကို​တော့ ဧရာဝတီတိုင်း​ဒေသကြီး ၀န်​ကြီးချုပ် ​ဦးလှမိုး​အောင်​နဲ့ အစိုးရအဖွဲ့ဝင်​၀န်​ကြီး​တွေကိုယ်​တိုင်​ လမ်းသွား​နေတဲ့ ဆိုင်​ကယ်​စီးနင်းသူ​တွေကို ​ဆောင်းပြီး​ ပေး​ဝေခဲ့တာဖြစ်​ပါတယ်​။ ဧရာဝတီတိုင်း​​ဒေသကြီးအတွင်းက ဆိုင်​ကယ်​တိုက်​မှု​ ၁၀ မှုမှာ ဦးထုပ်​မ​ဆောင်းလို့ ဒဏ်​ရာရရှိမှုက ၇ မှု​လောက်​ရှိတယ်​လို့ ပုသိမ်​မြို့ အမှတ်​ ၁၃ ယာဉ်​ထိန်းရဲတပ်​ဖွဲ့က​နေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013