Home
မြန်မာသတင်း
ကလေးသူငယ်ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချပွဲ နေပြည်တော်တွင် ပြုလုပ်
DVB
·
June 22, 2019
baby
ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဇွန် ၂၂ ရက်နေ့က နေပြည်တော်၊ ရွှေနံ့သာရပ်ကွက် ဘောလုံးကွင်းထဲမှာ လူအင်အား ၃၀၀ အပါအ၀င် ဝန်းရံသူတွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုတိုးတက်ရေးပါတီက ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက “ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းပါ အချက်အလက်ပုဒ်မအချို့က နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုး ဆန့်ကျင်နေတယ်လို့ တွေ့ရှိရတဲ့ အတွက် ကျမတို့က အမျိုးသားရေးအသိစိတ်ဓာတ်နဲ့ ဆန့်ကျင်ကန့်ကွက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။ မွေးစားခွင့်နဲ့ဆိုင်တဲ့ ဥပဒေပုဒ်မ၊ အခမဲ့ မှတ်ပုံတင်ခြင်းတွေ၊ အမွေဆက်ခံတာတွေဆိုတဲ့ ပုဒ်မတွေအပေါ်မှာ ကန့်ကွက်ကြတာလို့ သိရပါတယ်။ မွေးစားခွင့်ဆိုတဲ့ ပုဒ်မမှာဆိုရင် နိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ မွေးစားခွင့်ရှိတယ်ဆိုတဲ့ သဘောပေါ်ပေါက်နေပြီး တခြားဥပဒေပုဒ်မတွေကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက် အရမ်းကို အန္တရာယ်များတယ်လို့ သူတို့က ဆိုပါတယ်။ အခုလို ကန့်ကွက်ရှုတ်ချပွဲတွေကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းကတော့   ဥပဒေမှာ မြန်မာပြည်အတွင်း မွေးဖွားတဲ့ ကလေးငယ်တွေကို မွေးစာရင်း ထုတ်ပေးရမယ်လို့ ဆိုလိုရင်းဖြစ်ကြောင်းနဲ့ နိုင်ငံသားဖြင့်ခွင့်ကတော့ နိုင်ငံသား ဥပဒေအရပဲ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ “ဥပဒေထဲမှာ မွေးဖွားခြင်းကို မှတ်ပုံတင်တယ်ဆိုတာက မွေးစာရင်းကို ပြောတာပါ။ နိုင်ငံသားစိစစ်ရေးကတ်မဟုတ်ပါဘူး။ ဘယ်နေရာမှာမွေးမွေး မြန်မာနိုင်ငံထဲမှာ မွေးရင် မွေးစာရင်းထုတ်ပေးရမယ်ပြောတာ။ မိဘမဲ့ကလေးတွေ၊ ရင်ခွင်မဲ့ကလေးတွေအတွက် လွယ်ကူအောင်ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ကတော့ နိုင်ငံသား ဥပဒေနဲ့ပဲ သွားမှာပါ။ သူတို့ပြောသလို မဖြစ်နိုင်ပါဘူး။ ပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့တာမှာလည်း အခု လူပြောများနေတဲ့ မွေးစားတဲ့ ကိစ္စ မပါပါဘူး”  လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013