Home
မြန်မာသတင်း
နေပြည်တော်တွင် ချယ်ရီပန်းပင်များ ဒုတိယအကြိမ် စိုက်ပျိုး
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 14, 2018
cherry
နေပြည်တော်မှာ ၂၀၂၀ ခုနှစ်မှာ ဖူးပွင့်မယ်လို့ ခန့်မှန်းထားတဲ့ ချယ်ရီပန်းပင်တွေကို ဒုတိယအကြိမ်မြောက် စိုက်ပျိုးခဲ့ကြပါတယ်။ ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၁ နဲ့ Royal Myanmar Golf Club နေရာတွေမှာ ချယ်ရီပန်းပင် ၂၀၀ ကို စိုက်ပျိုးသွားကြမှာဖြစ်ပါတယ်။ “မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေအတွက် ပေါ်ထွန်းစ ခရီးစဉ်ဒေသတခု ဖြစ်လာဖို့ အဖက်ဖက်က ကြိုးပမ်းနေချိန်မှ အခုလို ဒုတိယအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်း စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံဟာ အေးချမ်းတည်ငြိမ်မှုရှိပါတယ်။ ချယ်ရီပန်းပင်လေးတွေလိုပဲ ဆွဲဆောင်မှုရှိပါတယ်လို့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ခရီးသွားဧည့်သည်တွေကို ကြိုဆိုလိုက်ပါတယ်” လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောပါတယ်။ အဲဒီ စိုက်ပျိုးတဲ့ပွဲကို လွှတ်တော် ဥက္ကဋ္ဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ ဂျပန်-မြန်မာ သံရုံးတွေက သံအမတ်တွေ၊ အခြားတာဝန်ရှိသူတွေ တက်ရောက်စိုက်ပျိုးခဲ့ကြတာပါ။ နေပြည်တော်မှာပဲ ချယ်ရီပန်းပင် ၁၀၀၀ ကို စိုက်ပျိုးသွားမှာဖြစ်ပြီး ပထအကြိမ် ချယ်ရီပန်းပင်စိုက်ပျိုးမှုကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့က ဇ၀နလမ်း၊ ဗိုလ်ရှုသဘင် အဆောက်အဦအနီးမှာ အပင် ၁၀၀ ကို စိုက်ပျိုးထားခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013