Home
မြန်မာသတင်း
ပဲ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး
DVB
·
August 18, 2018
pal
အိန္ဒိယကို မြန်မာနိုင်ငံက တင်သွင်းတဲ့ ပဲတန်ချိန်ကန့်သတ်ပြီးတဲ့နောက်ပိုင်းမှာ ပဲဈေးကွက်ထပ်မပျက်ဖို့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဦးဆောင်တဲ့အစိုးရအဖွဲ့တွေ၊ တောင်သူတွေနဲ့ ပဲကုန်သည်တွေ ပါဝင်တဲ့ ပဲပြောင်းအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပနေပါတယ်။ မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ရန်ကုန်မြို့က ကုန်သည်စက်မှု အသင်းချုပ်မှာ ဒီကနေ့ ကျင်းပနေတာပါ။ မြန်မာနိုင်ငံရဲ့ ပဲတင်ပို့မှုပမာဏက အာရှမှာဦးဆောင်နေပြီး ကမ္ဘာမှာ ကနေဒါနိုင်ငံပြီးရင် ဒုတိယနေရာမှာ ရှိပါတယ်။ ပဲမျိုးစုံစိုက်ဧကက စုစုပေါင်းစိုက်ဧကရဲ့ ၂၃ ရာခိုင်နှုန်းရှိပါတယ်။ ပဲတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရခဲ့ပေမယ် မနှစ်က ဒေါ်လာ သန်း ၈၀၀ အထိ ကျဆင်းခဲ့ပါတယ်။ ပဲဈေးကျပေမယ် အခြားသီးနှံပြောင်းစိုက်ဖို့က ဈေးကွက်သတင်းအချက်အလက်အပြင် မျိုးစေ့ရဖို့နဲ့ စိုက်နည်းစနစ် ပညာပေးနိုင်ဖို့ကလည်း လိုအပ်နေပါတယ်။ ဒီအတွက် အမျိုးသားအဆင့် ဆွေးနွေးအဖြေရှာဖို့ အလုပ်ရုံဆွေးနွေးတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013