Home
မြန်မာသတင်း
နေပြည်တော်တွင် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ လောက်က မြေငလျင်ပြတ်ရွေ့ကြော တွေ့ရှိ
DVB
·
January 20, 2018
eq
နေပြည်တော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်က မြေငလျင်ပြတ်ရွေ့ကြော တွေ့တယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။ ပုဗ္ဗသီရိမြို့နယ်၊ ကံလှရွာဟောင်းနားက ကြာကန်အရှေ့ဘက်မြေနဲ့ ငွေလျှံကုန်းရွာနားက လယ်မြေတွေမှာ ကွင်းဆင်းတူးဖော် သုတေသနလုပ်ရာကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်က မြေငလျင်လှုပ်လို့ ဖြစ်လာတဲ့ ပြတ်ရွေ့ကြောတွေ တွေ့ရှိခဲ့တာပါ။ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်၊ ဟင်္သာတတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာစောငွေခိုင်၊ တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဒေါက်တာစိုးမင်း အပါအဝင် ဆရာ/ဆရာမ ၁၅ ယောက်၊ စင်ကာပူနိုင်ငံ နန်ယန်တက္ကသိုလ်က မြေငလျင်ပညာရှင်တယောက်တို့ဟာ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၁ ရက်အထိ ငလျင် သုတေသန ပြုလုပ်နေတာ ဖြစ်ပါတယ်။ အခုလို တွေ့ရှိပြီးနောက် ဆက်လက် သုတေသနလုပ်နေပြီး ကောင်းကင်ဓာတ်ပုံတွေ ရိုက်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ပါမောက္ခ ဌာနမှူး ဒေါက်တာစောငွေခိုင်နဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကလည်း နေပြည်တော်မှာ  မြေငလျင် သုတေသနလုပ်ငန်းတွေ လုပ်ခဲ့ဖူးပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013