Home
မြန်မာသတင်း
မာန်အောင်မြို့နယ် ကမ်းခြေအနီး ဝေလငါးသေ တွေ့ရှိ
DVB
·
February 4, 2018
walae
မာန်အောင်မြို့နယ် ကမ်းခြေအနီးမှာ ဝေလငါးအသေတစ်ကောင် တွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မိမ္မကြွယ်ကျေးရွာအုပ်စု ကျူးကျေးရွာနဲ့ ဘုတ်မျက်တောကျေးရွာ ကမ်းခြေအနီးမှာ ဝေလငါးအသေတစ်ကောင်ကို ဖေဖော်ဝါရီ ၂ ရက် ညနေ ၅ နာရီလောက်က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဝေလငါးမှာ အလျား ၄၃ ပေခန့်၊ လုံးပတ် ၂၅ ပေခန့်နှင့် မေးရိုးအရှည် ၁ဝ ပေခန့်ရှိကြောင်း၊ ဇန်နဝါရီ ၁ဝ ရက်ကလည်း ကံလက်ကျေးရွာ ကမ်းခြေအနီးမှာ အရှည် ရှစ်တောင်ခန့်ရှိ သေဆုံးပျက်စီးတဲ့ ဝေလငါးတစ်ကောင်ကို တွေ့ရှိခဲ့ရတယ်။ အခုလို ကမ်းခြေအနီး ဝေလငါးမျိုးစိတ် အသေတွေ ကမ်းတင်လာတာဟာ ရေထုညစ်ညမ်းလာမှုကြောင့် ဖြစ်နိုင်ပြီး ဒေသခံရေလုပ်သားတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013