Home
မြန်မာသတင်း
မူဆယ်-နမ့်ခမ်း ကားလမ်းမကြီးဘေးတွင် ရှေ့ထွက်မိုင်း ၂ လုံး တွေ့ရှိ
DVB
·
January 13, 2018
mine
နမ့်ခမ်းမြို့နယ် မူဆယ်-နမ့်ခမ်းသွားကားလမ်းမကြီးဘေးမှာ ရှေ့ထွက်မိုင်းနှစ်လုံး တွေ့ရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်မာက်ပိုင်း၊ နမ့်ခမ်းမြို့ နယ်၊ နောင်လောင်းကျေးရွာအနီးရှိ ကားလမ်းဘေးမှာ မိုင်းတွေတွေ့ရှိကြောင်း သတင်းအရ မနေ့မွန်းလွဲပိုင်းက နယ်မြေလုံခြုံရေးစစ်ကြောင်းက သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ နောင်လောင်းကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ မူဆယ်-နမ့်ခမ်း သွား ကားလမ်းမကြီးဘေး ၈ ပေခန့်အကွာမှာ ထောင်ထားတဲ့ အလျား ၈ လက်မ၊ အနံ ၄ လက်မလောက်ရှိ ရှေ့ထွက်မိုင်းနှစ်လုံးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013