Home
မြန်မာသတင်း
ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်အရိုးများ မော်လူးတွင် တွေ့ရှိ
DVB
·
June 15, 2019
jp
စစ်ကိုင်းတိုင်းဒေသကြီး မော်လူးမြို့အနီးမှာ ဒုတိယက္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည် အရိုးများတွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။ ဒုတိယက္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေ ရှာဖွေနေတဲ့ ဂျပန်နိုင်ငံသား Mr. Imoto  ဟာ ဇွန် ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း မော်လူးမြို့နယ် ဦးရဲတင့်ရဲ့ နေအိမ်ခြံဝင်းအတွင်းမှ ဂျပန်စစ်သည်တဦးရဲ့ ရုပ်ကြွင်းအား ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒုတိယက္ဘာစစ်အတွင်းက အင်္ဂလိပ်တပ်တွေ မော်လူးမြို့အနီးရှိ ဘုရားလေးတောင်ကုန်းမှာ White City အဖြစ် တပ်စွဲထားခဲ့စဉ်က ဂျပန်တပ်တွေနဲ့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျပန်စစ်သည်အချို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံသား Mr. Imoto ဟာ ဂျပန်စစ်သည်တွေရဲ့ ကျန်ရစ်သူ မိသားစုများကိုယ်စား ရုပ်ကြွင်းတွေ ရှာဖွေရာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။  ဂျပန်နိုင်ငံမှ ကျန်ရစ်သူမိသားစုတွေအနေနဲ့ ရိုးရာအတိုင်း ရုပ်ကြွင်းတွေကို ကန်တော့နိုင်ဖို့ ကိုယ်ချင်းစာစိတ်နဲ့ ရှာဖွေပေးနေတာဖြစ်ကြောင်း၊ ရုပ်ကြွင်းရှာဖွေတွေ့ရှိတဲ့ နေရာအား စမ်းသပ်တူးဖော်မှုသာ ပြုလုပ်ထားပြီး နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းမှုနဲ့ ဂျပန်နိုင်ငံ ပြန်သယ်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013