Home
မြန်မာသတင်း
မော်လူးတွင် အမျိုးသားတဦး ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး၍ သတ်သေ
DVB
·
May 6, 2018
kill
  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးစံပြကျေးရွာ မြမာလာရပ်ကွက်မှာ မေလ ၅ ရက်နေ့ ညပိုင်းက အမျိုးသားတဦး ကိုယ်လည်ပင်းကိုယ် ဓားနဲ့လှီးပြီး သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ မော်လူးနယ်မြေရဲစခန်းက ရဲအုပ်မင်းနိုင်က ပြောပါတယ်။ သန်းနိုင်ဦး ဆိုသူဟာ နေအိမ်အနောက်ဘက် မီးဖိုနဲ့ သူ့အိပ်ခန်းဘေး မြေကြီးပေါ်မှာ ပက်လက်လန်လဲကျသေဆုံးနေပြီး လည်ပင်းမှာ အရိုးအသွား ၁ ပေကျော်ခန့်ရှိ ဓားမ ၁ ချောင်း နစ်မြုပ်နေပြီး စစ်ဆေးရာ အရှည် ၄ လက်မလောက် လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ရဲအုပ်မင်းနိုင်က ပြောပါတယ်။ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က “သူက အရက်ကြောင်ကြောင်နေတာလို့ ပြောတယ်။ သူ့အိမ် အနောက်ဖေးမှာ တယောက်အိပ်တဲလေးရှိတယ်။ အရက်ကြောင်ကြောင်ပြီး ငုတ်အပေါ်မှာ ထိုင်ပြီးသူ့လည်ပင်းကို ဓားနဲ့လှီးတာပါ။ အဲဒီနားမှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ လဏ္ခာမတွေ့ရပါဘူး။ ညာဘက်လက်နဲ့ ဓားကိုင်ပြီး လည်ပင်းကိုလှီးတာပါ” လို့ဆိုပါတယ်။ သေဆုံးသူ သန်းနိုင်ဦးမှာ ဇနီးနဲ့ သားသမီး ၅  ရှိပြီး ရုပ်အလောင်းကို မော်လူး မေတ္တာအားမာန် ပရဟိတအသင်းမှ မော်လူးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ မော်လူးနယ်မြေရဲစခန်းက သန်းနိုင်ဦး(ခ)မောင်နိုင် သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးနိုင်ဖို့ သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၈) နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013