Home
မြန်မာသတင်း
ဖားကန့်မြို့နယ်၌  ဒုတိယကမ္ဘာစစ်လက်ကျန် တင့်ကားပျက် ၁ စီး တွေ့ရှိ
DVB
·
September 24, 2018
42363838_269875110523844_2566866872079220736_n
42327048_269875200523835_3944819979819417600_n
42318351_269875027190519_1450580248801312768_n
42307418_269875230523832_5301986601193177088_n
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒုတိယကမ္ဘာစစ်အတွင်းက လက်ကျန်လို့ ယူဆရတဲ့ တင့်ကားပျက် ၁ စီးကို စက်တင်ဘာ ၂၂ ရက်မှာ နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။ အဆိုပါတင့်ကားပျက်ကို  ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့အပိုင်နယ်မြေထဲရှိ ဝါရာဇွတ်ရွာရဲ့ အနောက်မြောက်ဘက် လီဒိုလမ်းမကြီးနဲ့ ၃ ဖာလုံလောက်အကွာ နန်ဆန်ချောင်းထဲမှာ အမှတ်(၂၉၇) ခြေမြန်တပ်ရင်းက တပ်မတော်သားတွေက တွေ့ရှိခဲ့တာပါ။ တပ်မတော်သားတွေ တင့်ကားပျက်ကို မနက် ၁၀ နာရီလောက်က ဘက်ဟိုးယာဉ်နဲ့ ဆယ်ယူခဲ့ရာ ညနေ ၄ နာရီအချိန်မှာ ချောင်းကမ်းပါးပေါ် တင်ဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါတင့်ကားပျက်ဟာ အလျား ၁၆ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ ရှိပါတယ်။ တင့်ကားပျက် ကမ်းပေါ်ရာက်ရှိသွားပြီဖြစ်လို့ လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာကို  ဆက်လက်တင်ပြသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ သတင်း-ခင်သန်းညွန့်  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013