Home
မြန်မာသတင်း
မကွေးတိုင်း ၃ မြို့နယ်၌ မိုးသက်​​လေပြင်း​ကြောင့် နေအိမ်အ​ဆောက်​ဦ ၅၈ လုံး ပျက်​စီး
DVB
·
May 30, 2019
mg3
mg2
mg
mg1
မကွေးတိုင်းချောက်မြို့နယ်၊​ ရေနံ​ချောင်းမြို့နယ်​နဲ့ ဆိပ်ဖြုမြို့နယ်တို့မှာ  မေလ ၂၈ ရက် ညနေက မိုးသက်လေပြင်းတိုက်ခတ်လို့ ဘုန်း​တော်​ကြီး​ကျောင်း၊ ဓမ္မာရုံ၊ ကျေးလက် ဆေးပေးခန်း အပါအဝင် နေအိမ်အဆောက်အဦ ၅၈ လုံးပျက်စီးသွားပါတယ်​။ ချောက်မြို့နယ်၊ သံဘိုကျေးရွာအုပ်စု ကန်ရေလေးကျေးရွာမှာ ​မေ ၂၈ ညနေပိုင်း မိုးသက်လေပြင်းတိုက်ခတ်ပြီး ဓမ္မာရုံနဲ့ ကျန်းမာရေးဆေးပေးခန်း အပါအဝင် နေအိမ် အဆောက်အဦး ၁၄ လုံး သွပ်အမိုးလန်ပျက်စီးခဲ့ရတယ်လို့ မြို့နယ်ထွေအုပ်ရုံးက ပြောပါတယ်။ ရေနံချောင်းမြို့နယ်ထဲက ကက္ကိုဂွ​၊ မုန်ကန်၊ ကန်လေကုန်း​၊ ညောင်ပင်အိုင့်၊ အုတ်လှနဲ့ ရုံးဆိပ်ကျွန်းကျေးရွာတွေမှာလည်း လေပြင်းတိုက်ခတ်လို့ နေအိမ် ၆ လုံး ပြိုကျပျက်စီးပြီး ဘုန်းကြီးကျောင်း ၁ကျောင်း အပါအဝင်​ နေအိမ်အဆောက်အဦ ၁၃ လုံး အမိုးလန်ပျက်စီးဆုံးရှုံးသွားတယ်လို့ မကွေးမြို့ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။ ဆိပ်ဖြူမြို့နယ်ပင်းတလဲကျေးရွာမှာလည်း လေပြင်းတိုက်လို့ နေအိမ် ၁လုံးပြိုကျပျက်စီးပြီး ဂိုဒေါင် ၂လုံး အပါအဝင် နေအိမ် ၂၂ လုံး အမိုးလန်ပျက်စီးခဲ့ကာ စုစုပေါင်းအဆောက်အဦး ၂၅ လုံး သွပ်မိုးလန်ပျက်စီးခဲ့တယ်လို့ ဆိပ်​ဖြူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်​။ ပြိုကျပျက်စီးသွားတဲ့နေအိမ် တအိမ်ကို ထောက်ပံ့ငွေ ကျပ် ၁သိန်း၊ အိမ်အမိုးလန်ပျက်စီး သွားတဲ့အိမ်တအိမ်ကို ငွေကျပ် ၂၀၀၀၀နဲ့  လူတဦးကို ဆန်ရိက္ခာ တပတ်စာ ငွေကျပ် ၂၁၀၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ ပေးအပ်သွားဖို့ ရှိနေပါတယ်။ သတင်း- ကိုလင်း(​ချောက်​)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013