Home
မြန်မာသတင်း
မုန်းချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဓာတ်အားထုတ်လွှတ်နိုင်စွမ်း ၅ ပုံ ၁ ပုံသာရှိ
DVB
·
May 21, 2019
Electric power-MOEE
မကွေးတိုင်းဒေသကြီး မုန်းချောင်းပေါ်က ကြီးအုံကြီးဝနဲ့ မုန်းချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတို့ဟာ မူလတည်ဆောက်ထားတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နိုင်စွမ်းထက် ၅ ပုံ ၁ ပုံလောက်ကိုပဲ လက်ရှိမှာ ထုတ်လုပ်ပေးနေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန သတင်းအရ သိရပါတယ်။ မုန်းချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဟာ ၇၅ မဂ္ဂါဝပ် ထုတ်လုပ်ဖို့ တည်ဆောက်ထားပေမယ့် လက်ရှိကာလ ရေလှောင်တမံတွေထဲမှာ သိုလှောင်ရေလက်ကျန် နည်းပါးလာလို့ ၁၆ မဂ္ဂါဝပ်ကိုပဲ ထုတ်ပေးနေသလို ကြီးအုံကြီးဝ စက်ရုံဟာလည်း ၇၄ မဂ္ဂါဝပ် ထုတ်လုပ်ဖို့ တည်ဆောက်ထားပေမယ့် လက်ရှိမှာ ၁၄ မဂ္ဂါဝပ်ပဲ ထုတ်လုပ်ပေးပြီး နိုင်ငံတော်ဓာတ်အားစနစ်ထဲကို ပေးပို့နေတာ ဖြစ်ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ မေလ ၁၈ ရက်နေ့က မကွေးတိုင်း စေတုတ္တရာမြို့နယ်က မုန်းချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနဲ့ ပွင့်ဖြူမြို့နယ်က ကြီးအုံကြီးဝ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ သတ်မှတ်တဲ့ အနိမ့်ဆုံးရေအမှတ်တွေကို ရောက်ရှိခါနီးအချိန်မှာ စက်တွေ မောင်းနှင်တာကို မထိခိုက်စေရေး နိုင်ငံတော်ဓာတ်အားစနစ်ရဲ့ လိုအပ်ချက်အပေါ် ရုံးချုပ်ရဲ့ ထိန်းညှိမှုတွေအရ နည်းပညာလုပ်ငန်းစဉ်တွေအတိုင်း စနစ်တကျ မောင်းနှင်သွားကြဖို့ ဝန်ကြီးက မှာကြားခဲ့တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013