Home
မြန်မာသတင်း
ဆိပ်ဖြူမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၊ လူနေအိမ်နှင့်​ အဆောက်အဦများ ပျက်စီး
DVB
·
May 21, 2019
SeikPhyu heavy wind
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ မနေ့ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်​ခဲ့ပြီး လူနေအိမ်နဲ့ အဆောက်အဦ ၄၃ လုံး အမိုးလန်​ပျက်စီးခဲ့​တယ်လို့ ဆိပ်​ဖြူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်​။ ဆိပ်​ဖြူမြို့နယ် ကျောင်းရွာကျေးရွာမှာ နေအိမ် ၁၀ လုံး၊ ဖိဖုရားချိုင့်ကျေးရွာမှာ  ၁၉ လုံး၊ ကော်တုံကျေးရွာမှာ ၅ လုံး၊ ရွာသစ်ကုန်းကျေးရွာမှာ ၂ လုံးနဲ့ ဂိုထောင် ၁ လုံး၊ စိုင်းနီကျေးရွာမှာ နေအိမ် ၁ လုံး၊ ကဇွန်မရွာသစ်ကျေးရွာမှာ ၃ လုံး၊ သပြေပင်ကျေးရွာမှာ ဓမ္မာရုံနဲ့ ဇရပ် အမိုးလန်သွားသလို နေအိမ် ၁ လုံး အမိုးလန်ပျက်စီးပြီး သွပ်အချပ်ရေ စုစုပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့ပါတယ်​။ မိုးသက်လေပြင်းတိုက်ခတ်ပြီး ​နေအိမ်ပေါ် သစ်ပင်ပိတာ၊ သစ်ကိုင်ကျိုးကျတာ၊ သစ်ပင်လဲကျပြီး လူနဲ့ တိရစ္ဆာန် သေဆုံး ထိခိုက်ဒဏ်ရာရတာတော့ မရှိ​ဘူးလို့ သိရပါတယ်​။ သတင်း- ကိုလင်း (​ချောက်​)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013