Home
မြန်မာသတင်း
မန္တလေးနေ့စဉ်သတင်းစာတိုက်က ခန့်အပ်ထားသည့် သတင်းထောက်များကို ပြန်စိစစ်နေ
DVB
·
May 24, 2019
mdy
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ တာဝန်ယူထုတ်ဝေတဲ့ မန္တလေးနေ့စဉ်သတင်းစာတိုက်က ခန့်အပ်ထားတဲ့ သတင်းထောက်တွေကို ပြန်လည်စိစစ်နေတယ်လို့ သတင်းစာတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပုသိမ်ကြီးမြို့နယ်ဘက်မှာ သတင်းမီဒီယာအမည်ခံပြီး ငွေကြေး အလှူခံတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့နဲ့ အမှုဖွင့်လှစ်ခံထားရသူတွေထဲက တဦးဟာ မန္တလေးနေ့စဉ်သတင်းစာတိုက်က ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ အဆိုပါပုဂ္ဂိုလ်ဟာ မန္တလေးနေ့စဉ် သတင်းစာတိုက်ကို အလွတ်တန်း သတင်းပေးပို့ဖူးသူ ဖြစ်ပေမယ့် တရားဝင်အသိအမှတ်ပြု ခန့်အပ်ထားတဲ့ သတင်းသမားမဟုတ်ဘူးလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ နယ်ဒေသတွေမှာ သတင်းထောက်အမည်ခံပြီး ငွေကြေးတောင်းခံတာတွေကိုလည်း တွေ့ရှိနေရတဲ့အတွက် နောက်ပိုင်းမှာ အခုထက်ပိုမို တင်းကြပ်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန္တလေးနေ့စဉ်သတင်းစာတိုက်ကနေ တရားဝင်အသိအမှတ်ပြုထားတဲ့ သတင်းထောက်ကတ်နဲ့ သတင်းထောက်နံပါတ် ရှိသူတွေက ပေးပို့လာတဲ့ သတင်းတွေကိုပဲ လက်ခံဖို့ စီစဉ်နေသလို သတင်းလုပ်ငန်းအတွက် တင်ပြဆွေးနွေးမှုတွေ လျှောက်ထားမှုတွေကိုလည်း စည်ကမ်းသတ်မှတ်ချက်တွေ အသိပေးတာ၊ စိစစ်မှုတွေ ပြုလုပ်ပြီးမှ အကျိုးဆောင် (က.ဆ) သတင်းထောက်တွေအဖြစ် လက်ခံမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ထိန်ထိန်လင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013