Home
မြန်မာသတင်း
မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်လှစ်၊ ငြိမ်းချမ်းရေးချိုးငှက်ပုံပါ အပြာရောင်ပူဖောင်းများ လွှတ်တင်
DVB
·
April 13, 2019
mdy
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် အကြိုနေ့ဖြစ်တဲ့ ဧပြီ ၁၃ ရက် မနက်က မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဖွင့်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အပါအ၀င် တက်ရောက်လာသူတွေက ငြိမ်းချမ်းရေးသင်္ကေတ အဖြူရောင်ချိုးငှက်ပုံပါ အပြာရောင်မိုးပျံပူဖောင်း ၁၀၀၀ ကျော်ကို လွှတ်တင်ခဲ့ပါတယ်။ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမှာ ကျောင်းသားကျောင်းသူ အယောက် ၅၀၀၊  တိုင်းရင်းသားလူမျိုး (၁၈)ဖွဲ့၊ မန်းစည်ပင်ယိမ်းအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၊ ယဉ်ကျေးမှုတက္ကသိုလ်ယိမ်းအဖွဲ့စတဲ့ အဖွဲ့တွေ စုပေါင်းပြီး ကပြဖျော်ဖြေခဲ့ပါတယ်။ ဒီနှစ် မန္တလေးသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်အပြင် ပြည်ထောင်စုသင်္ကြန်ကို တိုးချဲ့ကျင်းပခဲ့ပါတယ်။ မန္တလေးကျုံးပတ်လည်မှာ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်နဲ့ တိုင်းရင်းသားလူမျိုး (၁၈)ဖွဲ့ရဲ့ ရေကစားမဏ္ဍပ်တွေရှိတဲ့ ပြည်ထောင်စုသင်္ကြန်ရှိပြီး မနော်ရမ္မံကွင်းမှာတော့ တိုးချဲ့ကျင်းပတဲ့ တိုင်းရင်းသား သွေးချင်းတွေရဲ့ စုပေါင်းမဟာသင်္ကြန်မဏ္ဍပ် ရှိပါတယ်။ ပြည်ထောင်စုသင်္ကြန်မှာ တိုင်းရင်းသားရိုးရာ ရေပက်ကစားတာတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုအကတွေနဲ့ ဖျော်ဖြေတာတွေအပြင် တိုင်းရင်းသားရိုးရာ အစားအသောက်တွေကို စတုဒိသာကျွေးတာတွေနဲ့ ရောင်းချတာတွေ ပါဝင်ပါတယ်။ တိုင်းရင်းသား သွေးချင်းတွေရဲ့ စုပေါင်းမဟာသင်္ကြန်မဏ္ဍပ်မှာတော့ တိုင်းရင်းသားရိုးရာကပွဲတွေ၊ သံချပ်ပြိုင်ပွဲနဲ့ ယိမ်းအကအလှပြိုင်ပွဲတွေကိုအပြင် ဖျော်ဖြေရေး အစီအစဉ်တွေပါ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း/ ဓာတ်ပုံ- သော်တာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013