Home
မြန်မာသတင်း
မန္တလေးတိုင်းရဲတပ်ဖွဲ့ မိုင်းရှင်းသင်တန်းတွင် မတော်တဆ မိုင်းပေါက်ကွဲ၊ ၁၁ ဦး ဒဏ်ရာရ
DVB
·
May 21, 2019
Mandalay police injured
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရုံးဝင်းထဲမှာ မိုင်းရှာဖွေ ရှင်းလင်းတဲ့ ဆင့်ပွားသင်တန်း လုပ်နေတုန်း ဒီနေ့ မေလ ၂၁ ရက် မနက်က မတော်တဆ မိုင်းပေါက်ကွဲလို့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒီမနက် ၉ နာရီကျော်က သင်တန်းဆောင်ရှေ့ လေ့ကျင့်ရေးကွင်းမှာ ရဲတပ်ဖွဲ့ဝင် သင်တန်းသား အယောက် ၅၀ ကို သင်ခန်းစာ လက်တွေ့သရုပ်ပြ သင်ကြားနေတုန်း ရဲတပ်ဖွဲ့ဝင်တယောက်က ပလတ်စတစ် နင်းမိုင်းပေါ်ကို မတော်တဆ တက်နင်းမိရာကနေ ပေါက်ကွဲတာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပလတ်စတစ်နင်းမိုင်းကို တက်နင်းမိတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ခြေချင်းဝတ် ပြတ်သွားတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ ဒီပေါက်ကွဲမှုမှာ သင်တန်းဆရာနဲ့ သင်တန်းသား ဒဏ်ရာရရှိသူ ၁၁ ယောက်ရှိတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပြီး ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံကြီးမှာ ပို့ဆောင် ကုသပေးနေပါတယ်။ ပလတ်စတစ် M14 မိုင်း သရုပ်ပြရာမှာ မိုင်းအတုနဲ့ သရုပ်ပြဖို့ ထုတ်ယူလာခဲ့ပေမယ့် မိုင်းအစစ်ဖြစ်နေပြီး တက်နင်းမိစဉ်မှာ ပေါက်ကွဲခဲ့တာပါ။ မေလ ၁၃ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မိုင်းရှာဖွေရှင်းလင်းခြင်း (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ကို သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ- ကျော်ဇေဝင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013