Home
မြန်မာသတင်း
ညောင်လေးပင် စွန့်ပစ်အမှိုက်သိမ်းလုပ်ငန်း အရှုံးခံလုပ်ပေးနေဟု စည်ပင်ပြော
DVB
·
May 11, 2019
Nlp
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ စွန့်ပစ်အမှိုက်သိမ်းဆည်းရေး လုပ်ငန်းကို အရှုံးခံပြီး ဝန်ဆောင်မှုပေးနေရတယ်လို့ မြို့နယ်စည်ပင်က ပြောပါတယ်။ စည်ပင်သာယာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အိမ်၊ မီး၊ အမှိုက်၊ ရေ ဆိုတာရှိပြီး အမှိုက်သိမ်းဆည်းရေးလုပ်ငန်းတွေမှာ အခွန်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို သုံးထားပေမယ့် တမြို့လုံးက ရရှိတဲ့ဝင်ငွေနဲ့ ပေါင်းလိုက်ရင် အမှိုက်သိမ်းဆည်းရေး လုပ်ငန်းဟာ အများကြီး အရှုံးပေါ်နေတယ်လို့ ညောင်လေးပင်စည်ပင် အမှုဆောင်အရာရှိ ဦးထင်အောင်ဦးက ပြောပါတယ်။ ညောင်လေးပင်မြို့မှာ သန့်ရှင်းရေးဝန်ထမ်း ၃၀ လောက်ရှိပြီး အခြေခံလစာပျမ်းမျှ ၁ သိန်းခွဲလောက်ပေးနရတာကြောင့် တနှစ်မှာ လစာ သိန်း ၅၀၀ ကျော်ရှိနေကြောင်း၊ အမှိုက်ခွန်က ရရှိငွေဟာ တနှစ်ကို သိန်း ၁၀၀ ကျော်ပဲ ကောက်ခံရရှိတာကြောင့် လစာနဲ့တင် အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။ ယာဉ်တွေရဲ့ အသုံးစရိတ်နဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေရဲ့ ကုန်ကျစရိတ်တွေ မပါသေးဘူးလို့ ဦးထင်အောင်ဦးက ပြောပါတယ်။ ဥပဒေအရဝင်ဆောင်ခွန်တွေကို စည်းကြပ်ကောက်ခံတဲ့နေရာမှာ ဝင်ငွေနဲ့ အသုံးစရိတ်မျှတရမယ်ဆိုတာကြောင့် အခွန်ကို တက်နိုင်သမျှ တိုးကောက်တယ်ဆိုပေမယ့် ကုန်ကျစရိတ်ကို မကာမိတာကြောင့် အရှုံးခံပြီး ဝန်ဆောင်မှုပေးနေရတယ်လို့ ဆိုပါတယ်။ "အထက်အဖွဲ့တွေကလည်း အရှုံးပေါ်နေတာကို သိတယ်။ အမှိုက်သိမ်းဆည်းပေးတယ်ဆိုတာ ဝန်ဆောင်မှုလုပ်ငန်းပဲ ဝင်ငွေက သိန်း ၁၀၀ ရရင် အသုံးစရိတ်ကလည်း သိန်း ၁၀၀ ပဲ ဖြစ်ရမယ်။ ဒါပေမယ့် အသုံးစရိတ်က ထောင်ဂဏန်းလောက်တက်နေတယ်ပေါ့နော်။" သတင်း-ဓာတ်ပုံ၊နေလင်းထိုက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013