Home
မြန်မာသတင်း
ရန်ကုန်-စစ်တွေကားလမ်းပေါ် ဖျက်အားပြင်း ပဒေသာကားမိုင်း တွေ့ရှိ
DVB
·
April 13, 2019
mine
ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဖျက်အားပြင်း ပဒေသာကားမိုင်းတွေ တွေ့ရှိရလို့  သက်မဲ့ပြုလုပ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ကားမိုင်းတွေ မြုပ်နှံထားတယ်ဆိုတဲ့ သတင်းတွေအရ ဧပြီ ၁၁ ရက် ညနေပိုင်းက မြောက်ဦး-ကျောက်တော်အကြားမှာ ဝါယာကြိုး၊ ဘက်ထရီတွေနဲ့ ဆက်သွယ်ထားတဲ့ ဖျက်အားပြင်း ပဒေသာ ကားမိုင်း ၇ လုံးနဲ့ ကားလမ်းမဘေး တဲထဲမှာ မိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့ ဝါယာကြိုးတွေလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ မိုင်းတွေကို သက်မဲ့ ပြုလုပ်ခဲ့ပြီး အဲဒီမှာ ပြောက်ကျားယူနီဖောင်းတွေလည်း တွေ့ရတယ်၊ အနီးတဝိုက်ကို တပ်မတော်လုံခြုံရေးစစ်ကြောင်းတွေက ထပ်ပြီး ရှာဖွေ ဖော်ထုတ်နေတယ်လို့ လည်း ဆိုပါတယ်။ ဧပြီ ၁၂ ရက်နေ့ကလည်း တပ်မတော်လုံခြုံရေးစစ်ကြောင်းတွေက မြောက်ဦးမြို့နယ် လက္ကားရွာရဲ့ အရှေ့ဘက် တမိုင်ကျော် တောထဲမှာ အကာအကွယ်နဲ့ ဖုံးထားတဲ့ နေရာတခုကနေ ကော်ပေပါ အလုံး ၅ဝ နဲ့ ထည့်ထားတဲ့ ဆန်ရိက္ခာ တင်း ၁၅၀ လောက်ကို ရှာဖွေ ဖော်ထုတ် သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ- CINCDS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013