Home
မြန်မာသတင်း
တာဝန်ပြီးဆုံးတော့မည့် တရုတ်သံအမတ်က အဖွဲ့ချုပ်ခေါင်းဆောင်များကို သွားရောက်နှုတ်ဆက်
DVB
·
April 11, 2019
NLD leaders meet with Chinese diplomats-NLD
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ်က တာဝန်ပြီးဆုံးတော့မယ့် သံအမတ် မစ္စတာ ဟုန်လျန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို ရန်ကုန်မှာ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ တရုတ်သံအမတ်ဟာ ဧပြီ ၁၁ ရက်မနက်က အဖွဲ့ချုပ်ခေါင်းဆောင်တွေကို သွားရောက် တွေ့ဆုံပြီး သင်္ကြန်ပွဲတော်အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့သလို မြန်မာပြည်မှာ တာဝန်ထမ်းဆောင်တာ မကြာမီ ပြီးဆုံးတော့မှာဖြစ်လို့ နှုတ်ဆက်စကား ပြောခဲ့တယ်လို့ အဖွဲ့ချုပ်သတင်းမှာ ဖော်ပြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးသိန်းဦး၊ ဒေါက်တာမျိုးညွန့်၊ ဒေါက်တာမေဝင်းမြင့်တို့နဲ့ တရုတ်သံအမတ်တို့ဟာ နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကိစ္စ၊ နှစ်နိုင်ငံ ပြည်သူတွေအကြား ချစ်ခင်ယုံကြည်မှု တိုးပွားလာရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း အဖွဲ့ချုပ်သတင်းမှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013