Home
မြန်မာသတင်း
အဖွဲ့ချုပ် ကိုယ်စားလှယ် ၁၁၃၂ နေရာစာရင်း ထုတ်ပြန်
ရွှေအောင်
·
August 2, 2015
nld
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကိုးကန့်၊ ၀ နဲ့ နာဂဒေသတို့ကလွဲပြီး ပြည်နယ်တိုင်းဒေသ အသီးသီးရှိ မဲဆန္ဒနယ် ၁၁၃၂ နေရာက ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်လိုက်ပါတယ်။ သြဂုတ် ၁ ရက်ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်လောင်းအမည်နဲ့ ၀င်ပြိုင်မယ့်နေရာတွေကို တပါတည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ အဖွဲ့ချုပ်မှာ တောက်လျှောက်ပါပြီး အရည်အချင်းရှိသူတွေကို ဦးစားပေး ရွေးတယ်လို့ ပြောပါတယ်။ “တစ်က အရည်အချင်း ရှိရမယ်၊ အရည်အချင်းချင်း တူလို့ရှိရင် လူငယ်တွေကို ဦးစားပေးမယ်၊ အမျိုးသမီးတွေကို ဦးစားပေးမယ်၊ ပြီးရင် တိုင်းရင်းသား ဦးစားပေးမယ်၊ နောက်တခု ထပ်တိုးထားတာကတော့ အန်အယ်လ်ဒီမှာ တောက်လျှောက်ပါပြီးတော့ သစ္စာလည်းရှိတယ်၊ အရည်အချင်းလည်း ရှိတယ်၊ အဲ့ဒါနဲ့ တိုင်းတာပေါ့။” လွှတ်တော်ထဲရောက်နေတဲ့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များထဲက ဦးဝင်းထိန်အပါအ၀င် ၄ ယောက် ကျန်းမာရေးကြောင့် ပြန်အရွေးမခံကြတော့ဘဲ ကျန်ကိုယ်စားလှယ်အားလုံး ပြန်အရွေးခံကြမှာ ဖြစ်ပါတယ်။ ဒီလို ပြန်အရွေးခံရာမှာ ကိုယ်စားလှယ်အတော်များများဟာ မူလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ပြန်အရွေးမခံကြတော့ဘဲ ပြည်နယ်တိုင်း လွှတ်တော်နေရာတွေမှာ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကလည်း လွှတ်တော် အတွေ့အကြုံရှိပြီး ကိုယ်စားလှယ်တွေက အခုမှဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ပြည်သူ့လွှတ်တော်အတွေ့အကြုံ ရစေလိုတာကြောင့် ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ အန်အယ်ဒီပါတီက ၀င်ပြိုင်မယ်လို့ သတင်းထွက်ပေါ်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့နဲ့ နာမည်ကြီး အမျိုးသမီးအမတ်တချို့တို့ အခု အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်းမှာ ပါမလာတဲ့အပေါ် မေးကြည့်တော့ ဦးဝင်းထိန်က ဦးကိုကိုကြီးကို ဥပမာပေးပြီး အခုလို ပြောပါတယ်။ “ဦးကိုကိုကြီးက သူ့နိုင်ငံရေးအနေနဲ့တော့ အတိုင်းအတာတခုအထိ နာမည်ရှိပါတယ်၊ သို့သော်လည်းပဲ သူ့နယ်မှာ ယှဉ်မယ့်ပုဂ္ဂိုလ်ကတော့ ဒေါက်တာစောနိုင်ဆိုတာ အရင့်အရင် ကတည်းက လုပ်ခဲ့သူ၊ ၂၀၁၀မှာ အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲ နိုင်သော်လည်းပဲ ကြိုတင်မဲနဲ့ သူရှုံးသွားတယ်။ အဲ့ဒီတုန်းကတော့ အန်ဒီအက်ဖ်က ပေါ့လေ။ နောက်မှ အန်အယ်လ်ဒီ၊ အရင်ကလည်း သူက အန်အယ်လ်ဒီကပါပဲ။ သူ့ရဲ့ အရည်အချင်းနဲ့ ကြည့်မယ်ဆိုလို့ရှိရင် သူ့အရည်အချင်း သူ့ဝါကြောင့်မို့လို့ ဒေါက်တာစောနိုင်ကို ရွေးပြီးတော့ ဦးကိုကိုကြီး ကျန်နေခဲ့တာပါ။” အန်အယ်လ်ဒီက အခု ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေထဲ အမျိုးသမီးကိုယ်စားလှယ် ၁၅ ရာခိုင်နှုန်း၊ အမျိုးသားကိုယ်စားလှယ် ၈၅ ရာခိုင်နှုန်းရှိပြီး ကျန် အသေးစိတ်အချက် အလက်တွေတော့ လုပ်နေတုန်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့  နိုင်ငံတ၀န်း ရွေးကောက်ပွဲတွေ ကျင်းပမယ့် မဲဆန္ဒနယ်မြေပေါင်း ၁၁၇၁ နေရာစလုံး ၀င်ပြိုင်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013