Home
မြန်မာသတင်း
ကိုယ်နံ့နံသည့် မြန်မာ ၁၃ ဦး ထိုင်းခရီးသည်တင်ကားပေါ် ဖမ်းဆီးခံရ
နန်းမြနဒီ
·
February 14, 2019
thai
ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်အတွင်း ဖြတ်သန်းသွားတဲ့ ခရီးသည်တင်ကားတစီးပေါ်မှာ ကိုယ်ခန္ဓာ အနံ့အသက်မကောင်းတဲ့ မြန်မာ ၁၃ ဦး ဖမ်းဆီးခံရတယ်လို့ MCOT  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်မနက် ၂ နာရီလောက်က ဆရီဆုထိပ်တိုးလို့ အမည်ရတဲ့ ခရီးသည်တင်ကားပေါ်မှာ ကိုယ်ခန္ဓာအနံ့အသက်မကောင်းတဲ့ လူတစုလိုက်ပါစီးနင်းလာပြီး အနီးနားရှိ အခြားခရီးသည်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် တိုင်တန်းခံရ ပြီးနောက် ဖမ်းဆီးခံခဲ့ရတာပါ။ အဆိုပါ ခရီးသည်တင်ကားဟာ ဘန်ကောက်ကနေ ဆူရတ်ဌာနီခရိုင်ကို ပြေးဆွဲနေ တာဖြစ်ပြီး ချွန်းဖွန်းခရိုင် ထာ့ဆဲ့မြို့နယ်ရှိ စစ်ဆေးရေးဂိတ်တခုကို အရောက်မှာ ခရီးသည် တဦးက ဦးစွာဆင်းလာပြီး ကားပေါ်ပါလာသူ တစုဟာ ကိုယ်အနံ့အသက်မကောင်းသလို သူတို့နားမလည်တဲ့ဘာသာစကားနဲ့ အချင်းချင်းပြောဆိုနေကြောင်း ရဲတွေကို တိုင်တန်းခဲ့ပါတယ်။ တာဝန်ရှိသူတွေက စစ်ဆေးရာမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး နေထိုင်ခွင့်အထောက်အထား တစုံတရာမရှိတဲ့အတွက် နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ခရီးသည်တင်ယာဉ်မောင်းနဲ့ စပယ်ယာကိုမေးမြန်းချက်အရ အဆိုပါ မြန်မာ ၁၃ ဦးကို ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ကနေ စူရတ်ဌာနီကို ပို့ပေးဖို့ နိုင်းအိုအမည်ရှိ လူတယောက်က ဆက်သွယ်လာတဲ့အတွက် ကားခတဦးလျှင်ဘတ် ၁၂၀၀ စီနဲ့ သယ်ဆောင်ခဲ့တာလို့  ပြောပါတယ်။ ဆက်လက်စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးခံရသူ ၁၃ ဦးဟာ  ရခိုင်ပြည်နယ်ဘက်က ဖြစ်ပြီး မလေးရှားရှိ ဆွေမျိုးတွေဆီသွားဖို့ဖြစ်ကြောင်း၊ ဒီလိုလာရဖို့အတွက် ရခိုင်မှာရှိတဲ့ အိမ်တွေခြံတွေ ရောင်းချကာ ပွဲစားကို ဘတ်ငွေ ၁ သိန် ပေးခဲ့ရကာ ထိုင်းမြောက်ပိုင်းကနေ အဆင့်ဆင့်ရောက်လာတာလို့ ပြောပါတယ်။ တာဝန်ရှိသူတွေက ယာဉ်မောင်းနဲ့စပယ်ယာကိုလည်း တရားမ၀င်သူတွေ သယ်ဆောင်အားပေးမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ဆက်လက် စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013