Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင် ပါတီများ၏လုပ်ပိုင်ခွင့် ဝင်စွက်ဖက်ဟုဆို
DVB
·
November 24, 2018
pkp
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပါတီတွေရဲ့ လုပ်ပိုင်ခွင့်ကို ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်သင့်ဘူးလို့ နိုင်ငံရေးပါတီ ၂၇ ရက်ပါတီက ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့က ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီဗဟိုရုံးချုပ်မှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားလိုက်တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာက ကြံ့ခိုင်ရေးအပါအဝင် နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ သဘောထားထုတ်ပြန်ချက်ဖြစ်တဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်း ကြီးမြင့်နေမှုနဲ့ ဒေါ်လာဈေးကြီးမြင့်နေမှုကို အစိုးရက ထိန်းကြောင်းပေးဖို့ တိုက်တွန်းချက်ကို ပြည်ထေင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ ဗဟိုလ်အလုပ်မှုဆောင်အဖွဲ့ဝင်တွေရဲ့ လက်မှတ် ပြန်လည်တောင်းခံခဲ့တဲ့အပေါ် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဥပဒေအရ ကြီးကြပ်ခွင့် ရှိပေမယ့် အခုလိုပြန်လည်တောင်းခံတာဟာ ပါတီတွေရဲ့ ပါတီတွင်း လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။ နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ သဘောထားထုတ်ပြန်ချက်ကို အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ကိုတင်ပြခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013