Home
မြန်မာသတင်း
ကန်ပက်လက် ကြားဖြတ်ရွေးကောက်ပွဲ ယနေ့ညနေ ကြေညာမည်
DVB
·
November 4, 2018
kpl1
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့လွှတ်တော်လစ်လပ်နေရာအတွက် ရွေးကောက်ပွဲ မဲရလဒ်တွေကို ဒီနေ့ ညနေလောက်မှ ကြေညာနိုင်မယ်လို့ မြို့နယ် ကော်မမရှင် အတွင်းရေးမှူး ဦးကီးလောက ပြောပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီအချိန်ထိ မဲရုံ ၃၇ ရုံကပဲ မြို့နယ်ကော်မရှင်ရုံးကို မဲရလဒ် လာရောက်အပ်နိုင်သေးပြီး မုန်းချောင်းတဖက်ခြမ်း မြို့နဲ့အလှမ်းဝေးတဲ့ တောင်ပိုင်းမဲဆန္ဒနယ် တနယ်လုံးရဲ့ မဲရလဒ် ၄၀ ရာခိုင်နှုန်းကျော်က မဲရုံတွေ ကျန်နေသေးတာပါ။ ကျန်ရှိနေသေးတဲ့ မဲစာရင်းတွေကို ဒီနေ့ညနေ ၅ နာရီ နောက်ဆုံးရနိုင်မယ်လို့ မြို့နယ်ကော်မရှင်က ခန့်မှန်းထားပါတယ်။ အန်အယ်လ်ဒီက ရရှိထားတဲ့စာရင်းတွေအရတော့ မဲရုံ ၆၉ ရုံမှာ ပင်လောင်းအုပ်စု မဲရုံပဲ ကျန်ရှိနေပြီး စာရင်းတွေမှာတော့ NLD က ၃၀၃၄၊ CNDP က ၂၃၃၄၊ USDP ၂၄၅၇ နဲ့ CPP၂၅၅ မဲ့တို့ အသီးသီးရရှိကာ NLD က အနိုင်ရနေပြီး ပြည်ခိုင်ဖြိုးက ဒုတိယနေရာကနေ လိုက်နေပါတယ်။ ရေပန်းစားခဲ့တဲ့ CNDP ကတော့ တတိယနေရာမှာ ရောက်ရှိနေပါတယ်။ ဒါတွေက ပါတီ မဲရုံကိုယ်စားလှယ်တွေက ရရှိထားတဲ့ စာရင်းတွေဖြစ်ပြီး ကော်မရှင်ကတော့ ပုံစံ ၁၆ ဖြည့်သွင်းပြီးမှသာ အတည်ပြုနိုင်မယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးသူ ၁၂၄၄၉ ယောက်ရှိလို့ ၈၀ ရာခိုင်နှုန်းလောက်မဲပေးတယ်လို့ ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013