Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း ဒရယ် တဖြည်းဖြည်း အားလျှော့သွားမည်ဟု မိုးဇလထုတ်ပြန်
DVB
·
September 21, 2018
wather
ဒီနေ့မနက် ၅ နာရီခွဲ တိုင်းတာချက်အရာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒရယ်” (DAYE) ဟာ တဖြည်းဖြည်း အားလျော့သွားမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဂိုလ်ပါပူ(Gopalpur)မြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ အဆိုပါ ကုန်းတွင်း မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပြီး ဒီနေ့ ညနေအထိ ခန့်မှန်းချက်အရ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် ကျား၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြိး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေကနေ ၇ ပေလောက် ရှိနိုင်ပါတယ်။ ဒီနေ့ညနေပိုင်းအထိ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နဲ့ အနီးတ၀ိုင်တွေမှာ မိုးထစ်ချုန်းရွယ်မယ်လို့ ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013