Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်း ၂၄ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်
DVB
·
December 16, 2018
strom
ဒီနေ့ မြန်မာစံတော်ချိန်(၁၃:၃၀) နာရီအချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းဟာ နောက် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းဟာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက် ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၃၀ ခန့်၊ မာချီလီပတ္တနမ် မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၃၁၀ ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာ လီမြို့ရဲ့ အရှေ့မြောက်ဘက် ၂၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့်ဟု သတ်မှတ်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းဟာ အမြင့်ဆုံးလေ တိုက်နှုန်း ၁ နာရီ မိုင် ၅၀ နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါမုန်တိုင်းဟာ မြောက်-အနောက် မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းအရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ရှမ်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်နဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းတောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၉ ပေ ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013