Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း၏ အ၀န်းအ၀ိုင်းအတွင်း တနင်္သာရီတိုင်း ကျရောက်နေဟု မိုးဇလပြော
DVB
·
January 5, 2019
strom
ဆိုင်ကလုန်းမုန်တိုင်း ပါဘက်ဟာ မြန်မာဘက်ဦးတည်ရွေ့လျားမယ့်အခြေနေ မရှိသေးပေမယ့် တနင်္သာရီတိုင်းဒေသကြီးမှာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အ၀န်းအ၀ိုင်းအတွက် ကျရောက်နေလို့ မုန်တိုင်းသက်ရောက်မှုအန္တရာယ် ခံစားရမယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီမြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်အရ ထိုင်းနိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်" (Pabuk) ဟာ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် ၆၅ မိုင်လောက်၊ ကိုကိုးကျွန်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၃၉၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ရဲ့ အရှေ့တောင်ဘက် ၃၃၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ပါဘက်ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့်ဟု သတ်မှတ်ထားပေမယ် တနင်္သာရီတိုင်းဒေသကြီးကတော့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အဝန်းအဝိုင်းအတွင်း ကျရောက်နေလို့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ သက်ရောက်မှုအန္တရာယ်ကို ခံစားရမယ်လို့ ဆိုပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်လတ္တီကျု ၉.၂ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၉၇.၈ ဒီဂရီမှာရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီ မိုင် ၅၀ နှုန်း ဖြစ်ပါတယ်။ နောက် ၄၈ နာရီအတွင်း ခန့်မှန်းချက်ချက်အရ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ကပ္ပလီကျွန်းစုကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ဒီနေ့မနက်မှ နောက် ၇၂ နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်၊ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေလောက် ရှိနိုင်ပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ပါဘက်အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ အချိန်အခါမဟုတ်မိုးရွာ သွန်းတာတွေ ဖြစ်ပေါ်နိုင်လို့ ပြည်တွင်း လေကြောင်းပျံ သန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013