Home
မြန်မာသတင်း
က​လေးစာ​ပေပွဲ​တော်​ ​ကျောက်​ဆည်မြို့​တွင် ကျင်းပ
Aung Aung Naing
·
September 7, 2018
Kyauk Se Child literature festival02-Aung Aung Naing
ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို မန္တ​လေးတိုင်း​ဒေသကြီး​၊ ကျောက်​ဆည်​ခရိုင်​ ​ကျောက်​ဆည်​မြို့မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်​။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနဲ့ ​ကျောက်​ဆည်​မြို့ ပြည်သူတွေ ပူးပေါင်းကျင်းပတာပါ။ "ကျ​နော်​တို့ အခုလို က​လေးစာ​ပေပွဲ​တွေကို ကျင်းပရတာဟာ ​နောင်​လာမယ့် အနာဂတ်​က​လေး​တွေ စာဖတ်​အား​ကောင်းလာပြီး အသိပညာ​တွေ ဖွံ့ဖြိုးတိုးတက်​လာမှာ ဖြစ်​တယ်။ အသိပညာ​တွေ၊ အတတ်​ပညာ​တွေ တိုးတက်​လာမှသာ ​နောင်​လာမယ့် အနာဂတ်​တိုင်းပြည်​ကို ပညာတတ်​​တွေ အုပ်​ချုပ်​နိုင်​မှာဖြစ်​တယ်​။ ပညာတတ်​​တွေ အုပ်​ချုပ်​နိုင်​မှသာ တိုင်းပြည်​ဖွံ့ဖြိုးတိုးတက်​လာမှာ ဖြစ်​တာ​ကြောင့် အခုလို က​လေးစာ​ပေပွဲ​တော်တွေကို ကျင်းပ​ပေး​နေတာ” လို့ မန္တ​လေးတိုင်း​ဒေသကြီး လွှတ်​​တော်ဥက္ကဋ္ဌ ဦး​အောင်​​ကျော်​ဦးက ​ပြောပါတယ်​။ “သမီးတို့ အခုလို ပွဲေ​တာ်​​တွေကို မကြုံဘူးတော့ ​အရမ်း​ပျော်မိတယ်​။ ကျန်းမာ​ရေး ဗဟုသုတ​တွေ ရတယ်။ စကားရည်​လုပွဲ​တွေ ကျပန်းစကား​ပြောတယ် ဆိုတာ​တွေလည်း ​အတွေ့အကြုံ ရခဲ့တယ်​။ ပုံ​ပြောပြိုင်​ပွဲ​တွေကလည်း ပါ​သေးတယ်။ ဒီလိုပွဲမျိုး​တွေ မကြာခဏ လုပ်​​ပေး​စေချင်​တယ်​” လို့ အထက ၃ ကျောင်းသူ မ​ကေသွယ်​ဦးက ​ပြောပါတယ်​။ အခုလို​ ကျောက်​ဆည်​မြို့က က​လေးစာ​ပေပွဲ​တော်​ကို ၃ ရက် ​ကျင်းပသွားမှာဖြစ်​ပြီး မန္တ​လေး၊ စစ်​ကိုင်း၊ မုံရွာ၊ ​မော်​လမြိုင် ​စတဲ့မြို့ကြီးတွေမှာလည်း ​ပြုလုပ်​ခဲ့ပြီး ​ကျန်မြို့တွေနဲ့အတူ ပြည်​​ထောင်​စုအဆင့် က​လေးစာ​ပေပွဲ​တော်​ကို ပုသိမ်​မြို့မှာ ​အောက်​တိုဘာလအတွင်း ကျင်းပသွားမှာလည်း ဖြစ်​ပါတယ်​။ သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024