စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးစပ်နေသည့် မြစ်များကို မိုးဇလထုတ်ပြန်
DVB
·
July 21, 2018
စိုးရိမ်ရေမှတ်ကို ရောက်ဖို့ နီးစပ်နေတဲ့ မြစ်တွေကို မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာရရှိတဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးစပ်တဲ့မြို့များ၏ မြစ်ရေအခြေအနေတွေကို ထုတ်ပြန်လိုက်တာပါ။
စိုးရိမ်ရေမှတ်ကို ရောက်ဖို့ နီးစပ်နေတဲ့ မြစ်တွေကတော့ ဧရာဝတီမြစ်၊ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ င၀န်မြစ်နဲ့ တိုးမြစ်တို့ ဖြစ်ပါတယ်။